အပိုင်း - ၅

29.6K 4.6K 155
                                    

{Zawgyi}

•ခြေထောက်ပျော့ခွေလောက်တဲ့ထိ စနောက်•

ဟဲ့ချန်းမင်သူ့ကို WeChatမှာစာမပြန်တာကြောင့် ကျီလျောင်အဲ့ညကောင်းကောင်း မအိပ်ပျော်ခဲ့ဘူး!

တစ်ညလုံး သူ့အတွေးထဲမှာ ကျောင်းကလူမိုက်ကို သွားရန်စမိတာကြောင့် ရလာမယ့်အကျိုးဆက်တွေနဲ့ပဲ ပြည့်နေတယ်။ ဆိုးတဲ့အတန်းဖော်တွေဆီကအနိုင်ကျင့်ခံရမှာ ဒါမှမဟုတ် လမ်းကြားထဲဆွဲခေါ်သွားပြီး အရိုက်ပဲခံရမလားဆိုပြီး ကြောက်ရွံ့နေခဲ့တယ်။

မနက်စာစားပြီးနောက် ကျီလျောင်အိမ်ကနေ တုန်တုန်ရီရီထွက်လာတယ်။

သူဘတ်စ်ကားဂိတ်ဆီ လျှောက်နေရင်း မျက်စိရှေ့နားမှာ အရပ်ရှည်ရှည်နဲ့လူငယ်လေးတစ်ယောက်ကို ထင်ထင်ရှားရှားတွေ့လိုက်ရတယ်။ သူကကျောင်းလွယ်အိတ်ကို တဖက်ပဲလွယ်ထားပြီး ကားမှတ်တိုင်ကိုမှီထားရင်း နားကြပ်တပ်ကာသီချင်းနားထောင်နေတယ်။

ကျီလျောင် ရင်တုန်သွားတယ်။ ဟဲ့ချန်းမင်ဒီနေ့လည်း လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နောက်ပြီး မနေ့ကအရမ်းစိတ်တိုပြီး သူ့စာကိုမပြန်ခဲ့ဘူးလေ!

ကျီလျောင်အဲ့ကိုလျှောက်သွားပြီး သူ့နားမတ်တပ်ရပ်နေတာတောင်မှ ထိုလူကအတွေးထဲနစ်နေပြီး သူ့ကိုသတိမထားမိဘူးဖြစ်နေတယ်။

အနည်းငယ်ရှက်ရွံ့သွားတာကြောင့် အောက်နားကကျောက်စရစ်ခဲကို ကန်လိုက်တယ်။ ကျောက်စရစ်ခဲက ဟဲ့ချန်းမင်ရဲ့ဖိနပ်ကိုထိသွားကာ လည်ပြီးရပ်သွားတယ်။

အဲ့တော့မှသာ စိတ်နဲ့လူပြန်ကပ်သွားပြီး ကျီလျောင်ကိုတွေ့သွားတယ်။ ချက်ချင်းဆိုသလို သူ့ရဲ့မျက်နှာသေကြီးမှာ အပြုံးလေးပေါ်လာတယ်။

ကျီလျောင်ခမျာ မိန်းမောသွားရတယ်။ ယောကျာ်းတစ်ယောက်ဖြစ်တာတောင် ဟဲ့ချန်းမင်ကအရမ်းယောကျာ်းပီသတယ်လို့ ခံစားရတယ်။ သူ့ရဲ့ချောမောတဲ့မျက်နှာအသွင်အပြင်ထက် သူ့ရဲ့ထိန်းချုပ်မှုမရှိတဲ့ဒေါသက လူပိုသတိထားမိစေတယ်။ အဲ့အပြင် အဲ့လိုဒေါသကြီးသူတစ်ယောက်က ရီလိုက်တယ်ဆိုတာ ရှင်းရှင်းလေးပြစ်မှုကျူးလွန်လိုက်သလိုပဲ။ တဖက်လူက သူ့ကိုဖျားယောင်နေတယ်လို့တောင် ခံစားရတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now