အပိုင်း - ၄၉

11.8K 2K 23
                                    

{Zawgyi}

•တို့က ဟဲ့ချန်းမင်ရဲ့အမေ•

“ကျွန်တော့်ကို အတန်းကျော်တက်ဖို့ နောက်ထပ်မပြောနဲ့တော့ အဲ့တာပဲပြောချင်တယ်”

ထပ်ပြောလို့လည်း ဘာမှအကျိုးရှိမှာမဟုတ်ဘူး။ ဟဲ့ချန်းမင် ဒီနောက်ဆုံးမှတ်ချက်ပေးပြီး လှည့်ထွက်လာခဲ့တယ်။

ကျောင်မေးလန်ကတော့ သူမသားကို ဆေးအမှားကြီးသောက်ခိုင်းခဲ့မိတဲ့အတွက် တုန်လှုပ်ခြောက်ခြားနေပြီး ဒေါက်တာရမ်းကုရဲ့စကားတွေကို ယုံကြည်ခဲ့မိတဲ့အတွက် နောင်တရနေမိတယ်။ တချိန်တည်းမှာပဲ သူမသားက အချိန်မှီလေးတင် တခုခုမှားနေတယ်ဆိုတာကို သတိပြုမိလို့ စိတ်အေးသွားရတယ်။ မဟုတ်ရင် ခုချိန်မှာ သူမဘယ်လိုလုပ်ကောင်းကောင်းနေနိုင်တော့မှာလဲ?

ဟုတ်တယ် သူမရရှိနေတဲ့ အသိအမှတ်ပြုမှုတွေက ဟဲ့ချန်းမင်ပေါ်မှီခိုပြီးရလာခဲ့တာတွေ။

သူမရဲ့ထင်ပေါ်တဲ့သားကြောင့် ဟဲ့ယွဲ့ကျင်းလည်း သူမအပေါ်ပိုမိုအလေးထားလာပြီး အသင့်အတင့်လေးစားသမှုပြတယ်။ သူတို့အသိုင်းအဝိုင်းထဲက သူငယ်ချင်းတွေအားလုံးကလည်း သူမကသူတို့အပေါ်အမြင်ကောင်းရှိနေအောင် အကောင်းဆုံးကြိုးစားနေကြပြီး ဟဲ့ချန်းမင်သာ မိသားစုစီးပွားရေးကို လက်လွှဲယူလိုက်ပြီဆိုရင် သူမက သူတို့ကိုပါကြည့်ရှုစောင့်ရှောက်ပေးဖို့ မျှော်လင့်နေကြတယ်။

သူမက နောက်ခံမရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဒီလိုအခြေအနေမျိုးရလာဖို့ဆိုတာ မလွယ်လှဘူး။ သူမဘယ်လိုလုပ် လက်လျှော့လိုက်နိုင်မှာလဲ?

အဲ့တာကြောင့် ညရောက်တဲ့အခါ သူမဟဲ့ယွဲ့ကျင်းနဲ့ အိပ်ယာထဲစကားစမြည်ပြောကြတဲ့အခါ ဟဲ့ချန်းမင်က ဘဏ္ဍာရေးကိုလေ့လာချင်တာကြောင့် သူ့အတွက် လမ်းပြပေးနိုင်မယ့် နာမည်ကြီးဆရာတစ်ယောက်ရှာပေးဖို့ ပြောနေတယ်ဆိုပြီး ပြောလိုက်တယ်။

နောက်နေ့ကျတော့ ဈေးကြီးလှတဲ့ဘဏ္ဍာရေးပိုင်းမှာလုပ်ပိုင်ခွင်ရှိတဲ့သူတစ်ယောက်ကို သူတို့အိမ်ဖိတ်ခေါ်လိုက်တယ်။ သူ့အဖေက ဒီလိုကိစ္စကိုစီမံပေးခဲ့တာကြောင့် ဟဲ့ချန်းမင်မငြင်းနိုင်ခဲ့ဘူး။ သူအပြင်မှာနေခွင့်ရတယ်ဆိုတာ သူအရမ်းလိမ္မာပြခဲ့တာကြောင့်သာဖြစ်တယ်။ သူမကျေနပ်ပေမယ့် ဘယ်တုန်းကမှဖီဆန်ခဲ့တာမျိုးမရှိလို့ ဒီတစ်ခေါက်လည်း အဲ့အတိုင်းပဲဖြစ်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now