အပိုင်း - ၂၈

19K 3.3K 80
                                    





{Zawgyi}

•မင်းကိုယ့်ကို အသေသတ်နေတာပဲ•

ထိုညသူအိမ်ပြန်ရောက်တော့ ရှုအိုက်ဝမ်တောင် ပြန်မရောက်သေးဘူး။

ကျီလျောင်သူ့ရဲ့စားစရာကို ပြန်နွှေးပြီး သာမန်ကာလျှံကာ စားသောက်လိုက်တယ်။ သူပြီးသွားတော့ အချိန်ကြည့်လိုက်ချိန်မှာ ရှစ်နာရီထိုးနေပြီ။

အိမ်စာတစ်နာရီလောက်လုပ်ပြီး ဆိုဖာပေါ်မှာထိုင်ကာ တီဗွီကြည့်နေလိုက်တယ်။ တစ်ရှုးစကို ပစ်လိုက်တော့ အမှိုက်ပုံးကပြည့်နေတာကို သတိထားမိပြီး သန့်ရှင်းဖို့ထလိုက်တယ်။ အမှိုက်ထုတ်ကိုသယ်ပြီး လွှတ်ပစ်ဖို့ လှေကားကနေဆင်းလာတယ်။

ထိုအချိန်မှာ ကောင်းကင်ကအရမ်းကိုမှောင်နေလေပြီ။ ကော်ရီတာတစ်လျှောက်မှာ သူခြေသံကလွဲလို့ အကုန်တိတ်ဆိတ်နေတယ်။ လူနေအဆောင်အအုံကနေ ထွက်လာပြီး အမှိုက်ကို အမှိုက်ပုံးကြီးထဲ လွှင့်ပစ်လိုက်တယ်။ သူထွက်သွားတော့မယ့်အချိန်မှာ ခပ်လှမ်းလှမ်းကနေ တောက်ပတဲ့ကားအလင်းရောက်ကျရောက်လာပြီး သူတို့အဆောင်အအုံရှေ့မှာ ရပ်သွားတယ်။

ကြော့မော့နေအောင်ဝတ်စားထားတဲ့လူတစ်ယောက် ကားထဲကထွက်လာတယ်။ သူကားကို ပတ်ပြီး ရှေ့ခုံမှာထိုင်နေတဲ့အမျိုးသမီးအတွက် လူကြီးလူကောင်းပီသစွာ တံခါးဖွင့်ပေးလိုက်တယ်။ ကျီလျောင် သူ့ရဲ့အမေ ရှုအိုက်ဝမ် ဇိမ်ခံကားပေါ်ကဆင်းလာတာကို တွေ့လိုက်ရတယ်။

နှစ်ယောက်သားမတ်တပ်ရပ်နေပြီး စကားခဏလောက်ရပ်ပြောနေပြီးမှ ထိုလူက ကားမောင်းထွက်သွားတယ်။

မကြာသေးခင်တုန်းက ရှုအိုက်ဝမ်ကသူ့ကို အဖေအသစ်ရှာလာခဲ့ပေးရင် အဆင်ပြေလားလို့ မေးခဲ့ဖူးသေးတာကို ရုတ်တရက် သတိရသွားတယ်။

သူမရှာထားတဲ့ဒီလူက သူ့ရဲ့အနာဂတ်အဖေအသစ်လား?

ကျီလျောင်ခေါင်းငိုက်စိုက်ချပြီး ဒီလူက ကျီချင်းဝမ်ရဲ့ဆံပင်လောက်တောင်နှိုင်းယှဉ်လို့မရဘူးလို့ ခံစားရင်းထွက်လာလိုက်တယ်။

အိမ်နားပတ်ဝန်းကျင်ကို လျှောက်သွားနေပြီး ညအပူချိန်ကအတော်လေးကျဆင်းလာတာကို ခံစားမိလိုက်တယ်။ သူကဆွယ်တာအပါးလေးတစ်ထည်ပဲဝတ်လာတာဖြစ်လို့ လေအေးတွေကြောင့် သူတုန်ရီလာတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now