{Zawgyi}
•မင်းက ဒီလိုမျိုးကျောင်းလူဆိုးကောင်ဖြစ်နေမယ်လို့ မထင်ထားဘူး!•
ကျီလျောင်ပန်းကန်ဆေးပြီးထွက်လာတော့ ဟဲ့ချန်းမင်က ဆိုဖာပေါ်မှာ မလှုပ်မယှက်နဲ့ စာအုပ်တစ်အုပ်ထိုင်ဖတ်နေတာကို တွေ့လိုက်ရတယ်။
တဖက်ကောင်လေးက စာအုပ်တွေဖတ်ရတာတော်တော်ကြိုက်မှန်း သူသိလိုက်တယ်။ ဒီလိုမျိုး ယေဘုယျ ငွေကြေးစနစ်သဘောတရား ဒါမှမဟုတ် အတွေးအခေါ် _ ဆိုတာမျိုးတွေက ရှုပ်ထွေးပြီး လူအများစုအဖို့ နားလည်ရခက်ခဲလှပေမယ့် သူကတော့ တော်တော်လေးစိတ်ဝင်တစားဖတ်နေတာဖြစ်တယ်။
"ဘေဘီ"
ဟဲ့ချန်းမင်က ကျေနပ်စွာသူ့ကိုခေါ်လိုက်ပြီး ချက်ချင်းဆိုသလို သူ့လက်ထဲကစာအုပ်ကို အရင်လုပ်နေကျအတိုင်း ဘယ်ရောက်ရောက်ဆိုပြီး လွှင့်ပစ်လိုက်တယ်။ sexက ပိုအရေးကြီးတယ် စာဖတ်ရတာ တကယ်ငရဲပဲ။
ခုနတုန်းက အထင်ကြီးခဲ့တာတွေကို ကျီလျောင်တိတ်တိတ်လေးပြန်ရုတ်သိမ်းပြီး သူ့ဆီလျှောက်လာကာ မေးလိုက်တယ် "ဆရာဝန်က မင်းအတွက် ဆေးသောက်ဖို့ ညွှန်ပေးလိုက်တာရှိလား?"
အယောင်ကျဆေးနဲ့ ဗီတာမင်တွေထက် ပိုမှာမဟုတ်ဘူး။ ဟဲ့ချန်းမင်ကတော့ သောက်သောက်မသောက်သောက် အရေးမပါဘူးလို့ တွေးတာကြောင့် အိမ်ထဲဝင်တာနဲ့ ဘေးနားပစ်ထားလိုက်တာ။ သူဘယ်နားထားလိုက်မိပါလိမ့်? ပြန်တွေးကြည့်ပြီးနောက် ဖိနပ်စင်ကို လက်ညှိုးထိုးပြလိုက်တယ် "အင်း ကိုယ်အဲ့ပေါ်တင်ထားတယ်"
ကျီလျောင် "ဆေးကို ဖိနပ်စင်ပေါ်တင်ထားတယ်?!"
ကျီလျောင်ပြန်လှည့်ကာ ဖိနပ်စင်ကိုကြည့်လိုက်တယ်။ ဟုတ်တာပေါ့... ဆေးတချို့ထည့်ထားတဲ့ အဖြူရောင်အိတ်လေးတစ်လုံးကို တွေ့လိုက်ရတယ်။
"မင်းက တကယ့်ကိုမနာခံတတ်တာပဲ" ကျီလျောင် နည်းနည်းစိတ်တိုသွားတယ်။ အချိန်ကုန်တာလည်းမဟုတ်ဘဲနဲ့ ဆေးကိုတောင် နေရာတကျမထားဘူး။
ရေနွေးနွေးတစ်ခွက်ထည့်ပြီးနောက် ဆေးနဲ့ရေကို ဟဲ့ချန်းမင်လက်ထဲ သေချာနေရာချကာ သောက်လိုက်တဲ့အချိန်ထိ စောင့်ကြည့်နေလိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...