{Zawgyi}
•ကိုယ့်ရှေ့မှာ အဲ့လိုအမူအယာမလုပ်နဲ့•
ကားမောင်းသမားက ဘရိတ်ကိုအားကြီးနဲ့ ဆောင့်အုပ်လိုက်တာကြောင့် ခရီးသည်တွေက နေရာကနေအရှေ့ကို ကျွမ်းပြန်ကုန်ကြတယ်။ ကျီလျောင်မှာ လက်ကိုင်ကို ကိုင်ဖို့အချိန်မရလိုက်တာကြောင့် ဟဲ့ချန်းမင်လက်တွေကြား လဲပြိုသွားတယ်။
သူ့ခေါင်းပေါ်က ငြီးတွားသံကို ကြားလိုက်ရတယ်။ ဘတ်စ်ကားရပ်သွားတဲ့အချိန် သူ့ဘာသာအမြန်ပြန်ပြင်လိုက်တယ်။ သို့ပေမယ့် အရွယ်ရောက်ပြီးကျောင်းသားတစ်ယောက်လုံးရဲ့ အလေးချိန်ဖြစ်တာကြောင့် ဟဲ့ချန်းမင်ထိခိုက်သွားလားဆိုတာ သူမသေချာဘူး။
ကျီလျောင်သေချာပြန်ရပ်ပြီးတာနဲ့ ဘတ်စ်ကားပေါ်မှာ မကျေမနပ်ပြောကြားသံတွေ ပြည့်နှက်သွားတယ်။ ဟဲ့ချန်းမင်ကိုလှမ်းကြည့်လိုက်တော့ ထိုတစ်ယောက်ကသူ့ရဲ့နားထဲကို နားကြပ်တစ်ဖက်လာထိုးထည့်သွားပြီး နောက်တစ်ဖက်ကို သူ့နားထဲသူထည့်လိုက်တယ်။
ချက်ချင်းစိတ်ပျက်ဖွယ်အသံတွေ ပျောက်သွားပြီး စိတ်ချမ်းမြေ့စဖွယ်သီချင်းသံထွက်ပေါ်လာတယ်။
ကျီလျောင်ရင်တစ်ချက်ခုန်သွားတယ်။
သူတို့မှတ်တိုင်ရောက်တော့ နှစ်ယောက်လုံးဆင်းလိုက်ကြတယ်။ ကျီလျောင်ခုနက ဟဲ့ချန်းမင်ကိုတိုက်မိသွားတာပဲ တွေးနေမိတာကြောင့် မေးလိုက်တယ် “မင်းထိသွားသေးလား?”
ဟဲ့ချန်းမင်က လက်နှစ်ဖက်လုံးဘောင်းဘီအိတ်ထဲထည့်ပြီး မျက်ခုံးပင့်ကာပြန်မေးလိုက်တယ် “ကိုယ်ထိခိုက်သွားတယ်ဆိုရင်ရော?”
ကျီလျောင် ချောင်းဟန့်လိုက်ပြီး ခဏအကြာထိဘာမှပြန်မပြောနိုင်ခဲ့ဘူး။
သူ့ရဲ့ကြောင်တောင်တောင်အမူအယာကိုတွေ့တော့ ဟဲ့ချန်းမင်စိတ်ပျော့သွားပြီး အသည်းနှလုံးတွေတောင် ကမောက်ကမဖြစ်ကုန်တယ်။ သူလေးလေးနက်နက်ပြန်ပြောလိုက်တယ် “ကိစ္စမရှိပါဘူး”
အဲ့တာကိုကြားတော့ ကျီလျောင်တစ်ခုခုတော့မှားနေပြီဆိုတာ ခံစားမိတယ်။ သူတစ်ဖက်ကောင်လေးရဲ့ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့လက်ကို ဆွဲယူလိုက်တယ်။ သူ့ရဲ့ညာဘက်လက်ဆစ်တွေမှာ အနီရောင်သွေးစီးကြောင်းတွေနဲ့ အပြင်ဘက်အရေပြားစုတ်ပြဲနေတယ်။ ဒဏ်ရာကလက်ချောင်းလေးချောင်းလုံး ဖြစ်နေတာ။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...