အပိုင်း - ၈၃

8.7K 1.4K 23
                                    


{Zawgyi}

•သူ့ခေါင်းသူတောင် ကယ်နိုင်မှာမဟုတ်ဘူး•

ကျန်းချီရဲ့ဆိုင်ကယ်မောင်းတဲ့စကေးက အရည်အသွေးပြည့်မှီတယ်ဆိုတော့မှပဲ ကျီလျောင်စိတ်သက်သာရာရတော့တယ်။

သူ့ဖုန်းကိုကိုင်ထားရင်း ဟဲ့ချန်းမင်က သူ့(ကျန်းချီ)ကိုကျတော့ ဆက်သွယ်တယ် သူ့(ဟဲ့ချန်းမင်)ကိုကျတော့ သတင်းမေးဖော်လေးတောင်မရဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီး တအီအီနဲ့ကဂျီကဂျောင်ကျကာ မကျေမနပ်ပြောနေတာတွေကို နားထောင်နေရတယ်။

ကျီလျောင် ခေါင်းလေးငုံ့ကာ ပြုံးသွားတယ်။ လမ်းဘေးနားက ကျောက်တုံးတစ်တုံးကို ကန်ပြီး နွေးထွေးစွာပြောလိုက်တယ် "လက်က သက်သာလာပြီလား?" ဟဲ့ချန်းမင် မပျော်မရွှင်ပြန်ဖြေတယ် "မသက်သာဘူး!"

သူအရမ်းစိတ်ရှုပ်နေပြီး ခုတလော ကျီလျောင်သူ့ကို ခပ်ခွာခွာနေတယ်လို့ ခံစားမိနေတယ်။ ကျောင်းမှာဆိုရင်လည်း သူ့ရဲ့ဒဏ်ရာရနေတဲ့ လက်ကြောင့်အဆင်မပြေဖြစ်နေတာကိုတောင်မှ အထူးအခွင့်အရေးလေးတစ်ခုတောင် မရဘူး။ မဟုတ်ဘူးလေ လက်သိုင်းပတ်တီးစည်းထားရတာနဲ့ နှုတ်ခမ်းကို နမ်းရတာနဲ့ ဘာဆိုင်လို့လဲ? ဒါက လျှာလှုပ်ရှားရုံလေးပဲ မဟုတ်ဘူးလား?

ဒီနေ့ကျတော့ ပိုတောင်ကောင်းသေးတယ်။ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဖို့ချိန်းပြီး သူ့ဆီကိုတောင် ဖုန်းခေါ်ရဲတဲ့သတ္တိရှိသေးတယ်!

ဟဲ့ချန်းမင် ဒီတိုင်းထိုင်မနေနိုင်တော့တာကြောင့် သော့တွေယူပြီး ထွက်လာလိုက်တယ်။

ကျီလျောင် တံခါးပိတ်သံကြားတော့ မေးကြည့်လိုက်တယ်။ "မင်း အပြင်သွားမလို့လား?" ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားပြီး တားလိုက်တယ် "လက်ကမကောင်းသေးဘူးလေ၊ အပြင်ကို လျှောက်ထွက်နေတာမျိုးကို ရှောင်သင့်တယ်မဟုတ်ဘူးလား?"

ဒါကိုကြားတော့ ဟဲ့ချန်းမင် ပိုလို့တောင် ဒေါသထွက်သွားပြီး ဖုန်းကို အားကြီးနဲ့အော်ပြောလိုက်တယ် "ယောကျာ်းရောက်လာပြီး မင်းနဲ့လာရှင်းတာကို စောင့်နေ!" အဲ့နောက် ဖုန်းချပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now