အခန်း ၄၃ - ကျွန်တော်က နှင်းဆီနက်ရဲ့ ညာလက်ရုံး

2.9K 309 4
                                    

[Love Knot]

ယခုတစ်လော မကြာခဏဆိုသလို ဖြစ်ပွားနေသည့် လူသတ်မှုတွေကြောင့် ကျင်းယွမ်ရှင်းတို့အဖွဲ့မှာ လုံး၀နားရက်မရ။

သည်နေ့လည်း မိုးမလင်းခင်ကတည်းက အလုပ်သွားရပြီး ကိစ္စတစ်ခုဖြင့် အိမ်ကိုခေတ္တပြန်လာချိန်မှာ ခြံရှေ့မှမောင်းထွက်သွားသော မသင်္ကာဖွယ်ရာ ကားတစ်စီးကြောင့် စိတ်ထဲထင့်ခနဲ ဖြစ်သွားရသည်။

ထို့ကြောင့်ခြံထဲရောက်သည်နှင့် ဆိုင်ကယ်ကိုစက်သတ်ကာ အိမ်ပေါ်အမြန်ပြေးတက်သွားလိုက်သည်။ ထိုအခါ မိခင်ဖြစ်သူက စာတစ်စောင်ကိုဖတ်ရင်း မျက်ရည်ကျနေပြီး သူ့ကိုမြင်တော့ လှမ်းပေးလေသည်။

"စောစောကတင် ရှောင်ချင်းပေးသွားတာ သားကြီးဖတ်ဖို့တ့ဲ"

"ယွမ်ရှင်း....
ဒီစာကိုဖတ်နေချိန်မှာ ကျွန်တော်က ဒီလောကထဲမှာ ရှိချင်မှရှိတော့မယ်။ ခင်ဗျား၀မ်းမနည်းရဘူးနော်။ ကျွန်တော့်မေမေန့ဲညီလေးကို သွေးသားရင်းတွေလို ချစ်ပေး၊ စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျှော်လင့်တောင့်တခဲ့ရတဲ့ မိသားစုဘ၀လေး ရခဲ့ဖူးပြီမို့ သေပျော်သွားပါပြီ။ ပြီးတော့ မကောင်းသောချဉ်းကပ်ခြင်းနဲ့ ခင်ဗျားအနားကိုလာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က မုရှောင်ချင်းမဟုတ်ပါဘူး။ ကျွန်တော့်နာမည်အရင်းက ပိုင်စစ်ယွမ်။ ဒီလောက်ဆိုခင်ဗျားသဘောပေါက်လောက်ရောပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်က ခင်ဗျားတို့ အသေရရ၊ အရှင်ရရလိုချင်နေတဲ့ ကြေးစားလုပ်ကြံရေးအဖွဲ့ 'နှင်းဆီနက်'ကပါ။ ခေါင်းဆောင်ရဲ့ ညာလက်ရုံးပေါ့။ ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျားအတွက် ကျွန်တော်အကောင်းဆုံး အကူအညီဖြစ်ပေးပါ့မယ်။ မိတ်ဆွေဆိုတာ ဘာမှန်းမသိခဲ့တ့ဲ ကျွန်တော့်ကို စိတ်ရင်းနဲ့ဆက်ဆံပေးခဲ့တဲ့ခင်ဗျားကို အကြာကြီးဖုံးကွယ်ထားခဲ့မိတဲ့အတွက် ဒီလူမိုက်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုတော့ပါဘူး။ ကျွန်တော့်ကိုယ်စား ညီလေးနဲ့မေမေ့ကိုသာ ပိုပြီးဂရုစိုက်ပေးပါဗျာ"

စာတစ်စောင်လုံး ဆုံးအောင်ဖတ်ပြီးသွားချိန်တွင် ယွမ်ရှင်း၏ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now