"တိုက်ပွဲတွေ၊ နယ်မြေလုတာတွေမရှိဘဲ လောကကြီးအေးချမ်းနေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်"
စခန်းချရာနယ်နိမိတ်မှနေ၍ တောထဲသို့ ဆီမီးတုတ်များကိုင်ဆောင်လျက် သွားနေကြသူများကိုကြည့်ရင်း ရိပေါ်ကသက်ပြင်းချသည်။ ရှောင်းကျန့်လည်း ထိုနည်းတူပင်။
သို့သော်လည်း စစ်ပွဲတစ်ခုအစပြုပြီဆိုကတည်းက သေကြေပျက်စီးမှုတွေက ရှိစမြဲပဲမဟုတ်ပါလား။ ကိုယ့်ရေမြေနှင့် ပြည်သူတွေကို ကာကွယ်ပေးခြင်းဆိုပါသော်လည်း စစ်ပွဲများ၏ နောက်ဆက်တွဲဆိုးကျိုးကို ခံစားရသည်မှာလည်း ပြည်သူတွေသာဖြစ်သည်။
မတတ်သာလို့ တိုက်နေရပေမယ့်လည်း ရိပေါ်ဟာ တစ်ကယ်တမ်းမှာ စစ်ပွဲတွေကိုမုန်းတီးမိပါသည်။ သက်ပြင်းတစ်ချက်ချရင်း ကောင်းကင်ထက်ကိုကြည့်မိတော့ သစ်ရွက်များကြားက လရောင်ကဖြာကျနေသည်။
ကြယ်လေးတွေကလည်း ဟိုမှာသည်မှာ လင်းလက်လို့နေလျက် အေးချမ်းစွာပင် မိုးကောင်းကင်၏အလှကို ဖော်ကျူးနေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် မြေပြင်ထက်မှာတော့ သွေးညှီနံ့တွေက သဘာ၀၏အလှအပကို ဖျက်ဆီးလို့နေလျက်။
ရိက္ခာများတင်ဆောင်လာခဲ့သော လှည်းများပေါ်မှာတော့ အလောင်းများကိုတင်ဆောင်ထားပြီး မီးတုတ်များဖြင့် တန်းစီသွားနေသောစစ်သည်များကို ရှောင်းကျန့်ငေးကြည့်နေမိသည်။
အနီးအနားမှာ ရွာတွေရှိတာကြောင့် ရိပေါ်က အလောင်းတွေကို သည်အတိုင်းမထားခဲ့ဘဲ တောထဲကလျှိုမြောင်ထဲသွားပစ်ရန် အမိန့်ပေးခဲ့တာဖြစ်သည်။ ရိပေါ်တို့လှည့်ထွက်မည်ပြုစဉ်မှာပဲ စစ်သူကြီးထျန်း ရောက်လာလေသည်။
"အရှင့်သား ကျဆုံးစစ်သည်နှစ်ဆယ်၊ ဒဏ်ရာရတာသုံးဆယ်ရှိပါတယ် ဒဏ်ရာရစစ်သည်တွေကိုတော့ စစ်သူကြီးမင်တို့ ကုသပေးနေပါတယ်"
"ကောင်းပါပြီ စစ်သူကြီးထျန်း ကျဆုံးစစ်သည်တွေကို မြေမြှုပ်ပေးလိုက်ပါ"
"ဟုတ်ကဲ့အရှင့်သား"
စစ်သူကြီးထျန်း ပြန်လည်ထွက်ခွာသွားပြီးနောက် ရိပေါ်နှင့်ရှောင်းကျန့်တို့နှစ်ဦး ဒဏ်ရာရစစ်သည်များကို ကုသပေးနေသောနေရာသို့ လျှောက်သွားလိုက်ကြသည်။
YOU ARE READING
မက်မွန်ပွင့်တို့သက်သေတည်၍ [completed]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...