အခန်း ၅၀ - အသက်သခင် ကျေးဇူးရှင်

2.6K 260 18
                                    

"မြေခွေးမိစ္ဆာ"

"ဟမ့်.... ငါစောစောထဲက ဒီကောင်လေးကိုစားမလို့ဟာကို နင့်ကြောင့်လွတ်သွားရတာ အခုတော့ပြန်ဖမ်းမိပြီ"

မြေခွေးမိစ္ဆာမက နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ရင်း လျှာကိုထုတ်ကာ ရိပေါ်၏နားရွက်တစ်ဖက်ကို လျှက်လိုက်တာကြောင့် ရှောင်းကျန့်ရင်ထဲ ဒေါသမုန်တိုင်း ထန်သွားရသည်။

"သူ့ကိုလွှတ်လိုက်"

ပါးစပ်မှအော်ဟစ်ရင်း တဟုန်ထိုးတိုက်ခိုက်လိုက်သော်ငြား ဘာကိုမျှမထိဘဲ လေထုကိုသာ ခံစားလိုက်ရသည်။ သည်တော့မှ စောစောက ရိပေါ်ကို၀ိုင်းတိုက်နေကြသော မြေခွေးမိစ္ဆာမနှစ်ကောင်ကို သူဖမ်းခဲ့ပြီးဖြစ်ကြောင်း ပြန်လည်သတိရလိုက်သည်။

ဒါကြောင့်ပင် ယခုမြင်နေရသည်က အစစ်အမှန်မဟုတ်ဘူးဆိုတာ သူသိလိုက်ပြီးနောက် မြေခွေးမိစ္ဆာ၏လက်ထဲမှ ရိပေါ်ကိုလှမ်းကြည့်လိုက်သည်။

ဒါကပုံရိပ်ယောင်၊ ဒါမှမဟုတ် အိပ်မက်တစ်ခုဆိုလျှင်... အကယ်၍ သူနိုးသွားသောအခါ ရိပေါ်ကိုမတွေ့ရတော့ဘူးဆိုလျှင်... သူဘယ်လိုလုပ်ရပါ့မလဲ။

မဟုတ်သေး။ ရိပေါ်က သူ့အနားမှာ ရှိနေခဲ့သည်။ ဟုတ်သည်။ အဆိပ်မယ်ပစ်လွှတ်ခဲ့သော အဆိပ်ငွေ့များကို သူရှူမိသွားတာကြောင့် ရိပေါ်ကဘုရားကျောင်းကို ခေါ်လာပေးသည်မဟုတ်လား။

ရှောင်းကျန့်အားလုံးကို သတိရလိုက်ပြီးနောက် မြေခွေးမိစ္ဆာ၏လက်ထဲ ကျရောက်နေသော ရိပေါ်၏ပုံရိပ်ယောင်ကို ဥပေက္ခာပြုလိုက်သည်။

ထို့နောက် နေရာမှာပင် တင်ပလ္လင်ခွေထိုင်ကာမျက်လုံးမှိတ်ရင်း စိတ်တည်ငြိမ်အောင်လုပ်ကာ နိုးထရန်ကြိုးစားလိုက်သည်။

အတန်ကြာတော့ နှာခေါင်းထဲသို့ အလုအယက်တိုးေ၀့ှ၀င်လာသည်က စူးရှပြင်းထန်သောဆေးနံ့များ။ သူအိပ်မက်မှ နိုးထလာခဲ့လေပြီ။

မျက်လုံးဖွင့်ဖွင့်ချင်းမှာပင် စူးရှရှအလင်းရောင်ကိုခံစားလိုက်မိတာကြောင့် အလျင်အမြန်ပြန်မှိတ်လိုက်ပြီးမှ ဖြေးဖြေးချင်းဖွင့်ကြည့်ရသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now