အခန်း ၆၈။ သတ်ရင်လဲ သေပါ့မယ်...အမိန့်တော်တော့မနာခံနိုင်ပါ။

1.6K 197 8
                                    

တိတ်ဆိတ်နေသောအခန်းအတွင်း ရှောင်းကျန့်တို့သုံးဦးလုံး ဘယ်အကြောင်းအရာကစပြီး ပြောရမှန်းမသိဘဲ ငြိမ်သက်နေကြသည်။ အတော်ကလေးကြာတော့မှ အရီးတော်က စမေးလိုက်သည်။

"သူ... သူ... ဘယ်လိုအသတ်ခံလိုက်ရတာလဲ"

"အနက်ရောင်၀တ်စုံတွေနဲ့ လူအုပ်စုက ကလေးတစ်ယောက်နဲ့ထွက်ပြေးနေတဲ့ သူ့ကို၀ိုင်းတိုက်ခဲ့တာ အများနဲ့တစ်ယောက်ဆိုတော့ အသတ်ခံလိုက်ရတယ် ဒါပေမယ့် လုပ်ကြံသူတွေလဲ တစ်ယောက်ပဲရှင်ကျန်နေခဲ့တာ သူကကျွန်တော့်ကိုတော့မသတ်ဘဲ အနီးနားကဘုရားကျောင်းရှေ့မှာထားခဲ့တယ်တဲ့ အရင်တုန်းကတော့ ကျွန်တော့်ကိုမိဘတွေစွန့်ပစ်ခဲ့တာလို့ထင်နေခဲ့တာ ဒီအကြောင်းတွေကို ကျောင်းထိုင်ဆရာတော်ဆီမှာ ဒကာတစ်ယောက်လျှောက်တင်နေတာကိုကြားမိလိုက်တဲ့ ဆရာတော်တွေ အချင်းချင်းပြန်ပြောနေတာကို ကျွန်တော်မကြားမိခင်အထိပေါ့ သူတို့ကကျွန်တော့်ကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူး... ကျွန်တော့်ကိုကာကွယ်ရင်း သေဆုံးသွားခဲ့တာ"

ရှောင်းကျန့်က မေ့ဖျောက်ထားသော အတိတ်ကအကြောင်းအရာများကို ပြန်လည်ပြောပြလိုက်သည်။ ထိုအကြောင်းအရာများကို သူ့အသက်ငါးနှစ်ကျော်ခြောက်နှစ်လောက်က ကြားသိခဲ့ရတာဖြစ်သည်။

ဖခင်ဆိုသူအတွက် စိတ်မကောင်းဖြစ်မိသော်လည်း မြင်ပင်မမြင်ဖူးလိုက်သည့်အပြင် သူ့စိတ်ကိုစိုးမိုးထားသူက ရိပေါ်သာဖြစ်နေတာကြောင့် အရမ်းကြီးနာကျင်နေတာမျိုးတော့ မဖြစ်ခဲ့ပါချေ။

သို့သော်လည်း သွေးကပဲစကားပြောသည်လား မပြောတတ်။ ယခုတော့ သူ့ရှေ့တွင် မျက်ရည်များကျနေသော သူ၏မိခင်ဖြစ်နိုင်သူကိုကြည့်ရင်း ရင်ထဲငိုချင်မိသလိုခံစားရသည်။

"သူ... သူ... ဆုံးရှာပြီပေါ့"

မေးလည်းမေးရင်း ရုတ်တရက်ငိုချလိုက်တာကြောင့် ရှောင်းကျန့်တစ်ယောက် ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။ ရိပေါ်ကတော့ အခန်းထဲမှ ရှောင်သွားပေးလိုက်သည်။ သားအမိနှစ်ယောက် အေးအေးဆေးဆေး အလွမ်းသယ်ကြပါစေလေ။

ချစ်ရသည့်သူအတွက်ကလွဲလို့ တစ်ခါမျှမကျဆင်းဖူးသော ရှောင်းကျန့်၏မျက်ရည်တို့ဟာ ယခုတော့သူမ၏မျက်ရည်တို့ကိုမြင်တွေ့ရသည်နှင့် ပါးပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး စီးဆင်းလာတော့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now