အခန်း ၈၃။ ရိပေါ်... မြန်မြန်ငါ့ကို သတ်လိုက်တော့။

2K 225 25
                                    

ရိပေါ်၏အတွေးတို့ မှန်ခဲ့လေသည်။ နောက်ထပ်မိစ္ဆာတပ်ဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပါ၏။ ဦးဆောင်လာသူက မိစ္ဆာသားရဲတစ်ကောင်၏ ကျောပေါ်တွင်ထိုင်ကာ မိစ္ဆာများကိုတိုက်ခိုက်ဖို့ စေခိုင်းနေသော အမည်းရောင်၀တ်ရုံဖြင့်လူတစ်ဦး... မဟုတ်သေး... မိစ္ဆာဘုရင်ဟုဆိုလျှင်ပိုမှန်လိမ့်မည်။

သို့သော်လည်း အခြားသောမိစ္ဆာများက သူတို့၏မူလပုံစံဖြင့် တိုက်ခိုက်နေကြပါသော်လည်း ထိုသူကတော့ လူသားတစ်ယောက်အသွင်သာရှိနေသည်။ အနက်ရောင်ပိတ်စပါးကို အမြိတ်ချထားသော ဝါးခမောက်ကိုဆောင်းထားသည့်အပြင် အေ၀းမှမြင်ရတာမို့ မျက်နှာကိုတော့ သေသေချာချာမမြင်ရပေ။

မိစ္ဆာတပ်ကိုဖြိုခွင်းဖို့ဆိုလျှင် မိစ္ဆာဘုရင်ကိုသတ်ဖို့က အရေးအကြီးဆုံးပင်။ ထို့ကြောင့်ရိပေါ်လည်း အန္တရာယ်အများဆုံးဖြစ်သော ထိုမိစ္ဆဘုရင်ကိုသတ်ဖို့ရာ ကြိုးစားရတော့သည်။

အနီးအနားမှ မိစ္ဆာများကိုတိုက်ခိုက်ရင်း မိစ္ဆာဘုရင်ရှိရာဆီ ချဉ်းကပ်သွားလိုက်သည်။ မိစ္ဆာဘုရင်သည်လည်း သူ့ဆီဦးတည်လာသူကိုအာရုံခံစားမိသည့်အလား လှည့်ကြည့်လာသည်။

မည်သူ ထင်မှတ်ထားလိမ့်မည်နည်း။ ထိုမိစ္ဆာဘုရင်ဆိုသူက ငါးနှစ်တာကာလလုံး သူ့အနားမှပျောက်သွားခဲ့သူ၊ နှစ်ဘ၀တိုင်တိုင် သူရင်းနှီးနေခဲ့သောပုံရိပ်လေး... ရှောင်းကျန့်ဖြစ်နေခဲ့လေသည်။

ရုတ်တရက် ရှောင်းကျန့်၏နှုတ်ခမ်းအစုံက အထက်သို့ကော့ညွှတ်သွားကာ လက်ထဲမှဓားက ရိပေါ်ဆီသို့ဦးတည်လာသည်။ မျက်လုံးအစုံက အနီရောင်တို့ယှက်သမ်းကာ စူးရဲတောက်ပနေပြီး တိုက်ခိုက်ဖို့ကလွဲလို့ ဘာမျှမသိတော့ဟန်ပင်။

ဦးတည်လာသောဓားက အံ့အားသင့်နေဆဲဖြစ်သောရိပေါ်၏အနားသို့ ရောက်လုရောက်ခင်မှာပင် ကိုယ်ရံတော်တစ်ယောက်က ရိပေါ်ရှေ့မှ ၀င်ရောက်ကာကွယ်ကာ တိုက်ခိုက်လိုက်လေသည်။

"အရှင်မင်းကြီး သူကကိုယ်ရံတော်ရှောင်းမဖြစ်နိုင်ဘူး အသွင်ပြောင်းမိစ္ဆာလှည့်ဖြားတာကို မခံပါနဲ့"

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now