"စစ်သူကြီးကို လာတွေ့တဲ့သူရှိပါတယ်"
"ဘယ်သူလဲ"
"အိမ်ရှေ့စံရဲ့ကိုယ်ရံတော်ပါ"
ညီလာခံမှပြန်ရောက်ပြီးနောက် အိမ်တော်ရောက်ရောက်ချင်းပင် အခန်းထဲ၀င်သွားကာ စဉ်းစားခန်း၀င်နေခဲ့သော စစ်သူကြီးကျန်း... အိမ်ရှေ့စံရဲ့ကိုယ်ရံတော် ရောက်လာသည်ဆိုတာကြောင့် အမြန်၀င်ခဲ့ခိုင်းလိုက်သည်။
"စစ်သူကြီးကျန်း"
"ကိုယ်ရံတော်ရှောင်း ထိုင်ပါဦး"
"အရှင့်သားက ပေးခိုင်းလိုက်တာပါ"
ရှောင်းကျန့်က စစ်သူကြီးကျန်းညွှန်ပြသောထိုင်ဖုံပေါ်တွင် ထိုင်လိုက်ပြီးနောက် စာအိတ်လေးကို စားပွဲပေါ်တင်ပေးလိုက်သည်။ စစ်သူကြီးကျန်းလည်း အရေးကြီးကိစ္စ ဖြစ်နိုင်ကြောင်းတွေးမိပြီး ချက်ချင်းပင်ဖွင့်ဖောက်ကာ ဖတ်လိုက်လေသည်။
'အမှောင်ထုကို နှစ်ခြိုက်တဲ့သူတွေက လောကကြီးကိုအလင်းပေးတဲ့ ကောင်းကင်ထက်ကနေမင်းကို မြေပြင်ဆီဆွဲချဖို့ကြံစည်ရင်း အခွင့်ကောင်းကို စောင့်နေတတ်ကြတယ်။ နေမင်းရဲ့အနားမှာ ကာကွယ်ပေးမယ့်သူသာ မရှိဘူးဆိုရင် လောကကြီးက ဘယ်လိုလုပ်ပြီး သာယာလှပနိုင်တော့မှာလဲ။'
"အင်း... အရှင့်သားက တစ်ကယ် အမြော်အမြင်ကြီးတာပဲ"
အမှာစာကိုဖတ်ပြီးနောက် စစ်သူကြီးကျန်းက ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်သည်။ ပြီးမှစာရွက်ဖြူတစ်ရွက်နှင့် စုတ်တံကိုယူကာ တစ်စုံတစ်ရာရေးကာခေါက်လိုက်ပြီး ရှောင်းကျန့်ထံသို့ပေးသည်။
"ကိုယ်ရံတော်ရှောင်း အရှင့်သားကို ဆက်သပေးပါ"
"ဟုတ်ကဲ့"
ရှောင်းကျန့်လည်း စစ်ပွဲအတွက်လုပ်ဆောင်ရမည့် ကိစ္စရပ်တွေရှိသေးတာကြောင့် အရှင့်သားကိုပေးရမည့်စာကိုယူကာ နန်းတော်ဆီသို့ အမြန်ဆုံးပြန်လာခဲ့လေတော့သည်။
ထို့နောက်စစ်သူကြီးထံမှစာကို ရိပေါ်ဆီပေးလိုက်သည်။ ရိပေါ်လည်းချက်ချင်းပင် ဖွင့်ကာဖတ်လေသည်။
'အရှင့်သား... သစ်ပင်ဆိုတာ ရေ၊ မြေ၊ လေအနေအထား ဘယ်လောက်ပဲကောင်းကောင်း နေမင်းမရှိရင် မရှင်သန်နိုင်ပါဘူး။ ဒါကြောင့်နေမင်းရဲ့အလင်းရောင်ကို တိမ်မည်းတွေ မဖုံးကွယ်နိုင်စေဖို့ ကျွန်တော်မျိုးအကောင်းဆုံးကြိုးစားမှာမို့ အောင်ပွဲနဲ့အတူ ပြည်တော်ကိုပြန်လာခဲ့ပါ။'
YOU ARE READING
မက်မွန်ပွင့်တို့သက်သေတည်၍ [completed]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...