နေ့ရက်တွေ၊ လတွေ အလီလီပြောင်းလဲလာသည်နှင့်အမျှ နှစ်တွေလည်း တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာခဲ့သည်။ သူ့ရဲ့ရှောင်းကျန့်သည်လည်း ထွက်သွားခဲ့သည်မှာ ၅နှစ်တာမျှ ကြာမြင့်ခဲ့ချေပြီ။
ညီဖြစ်သူရိရွှမ်ထံမှ သတင်းစုံစမ်းပါသော်လည်း လက်ထပ်ပွဲနေ့နောက်ပိုင်း သူတို့အိမ်တော်ကိုပင် ပြန်မလာခဲ့ဟုသိရသည်။ ဘယ်ကိုထွက်သွားလေပြီ မသိသော်ငြားလည်း အေ၀းတစ်နေရာမှာ အဆင်ပြေနေစေဖို့သာ တိုးတိတ်စွာ တောင်းဆုခြွေမိပါသည်။
ထောင်ဟွားမရှိတော့သည့် ငါးနှစ်တာကာလအတွင်း အဖြစ်အပျက်တွေ အများကြီးဖြစ်သွားခဲ့သည်။ သူတို့လက်ထပ်ပြီး တစ်နှစ်အကြာမှာ ကျန်းမာရေးမကောင်းဖြစ်လာသော ခမည်းတော်က သူ့ကိုထီးနန်းလွှဲပြောင်းပေးခဲ့သည်။
ဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် ပထမဆုံးလုပ်ဆောင်သည်က အစ်ကိုတော်လုပ်ကြံခံခဲ့ရသောကိစ္စကို ကိုင်တွယ်ခြင်းပင်ဖြစ်လေသည်။ လူအင်အား၊ ငွေကြေးအင်အားဖြင့် ဖိဖိစီးစီးစစ်ဆေးရှာဖွေတော့ တရားခံကိုမိခဲ့သည်။
ထိုသူက သူတို့ခန့်မှန်းထားခဲ့သည့်အတိုင်း သူ့ကိုအကြိမ်ကြိမ်လုပ်ကြံခဲ့သော စစ်သူကြီးလီပင်ဖြစ်လေသည်။ အစ်ကိုတော့်ကို လုပ်ကြံခဲ့တာအပြင် သူ့ကိုအကြိမ်ကြိမ်လုပ်ကြံခဲ့သူဆိုလည်းဟုတ်သည်။ ရိလန်နှင့်သူ့အကြား သွေးခွဲခဲ့သူဆိုလည်း မှန်သည်။
လုပ်ကြံမှုပင်မက တိုင်းပြည်ဘဏ္ဍာငွေများလည်း အလွဲသုံးစားလုပ်ခဲ့သည့်အပြင် မိစ္ဆာတွေနှင့်ပူးပေါင်းနေကြောင်း သက်သေအထောက်အထားတွေပါ တွေ့ရှိသည်မို့ တိုင်းပြည်ပုန်ကန်မှုအဖြစ်သတ်မှတ်ကာ အိမ်တော်တစ်ခုလုံးကို ကွပ်မျက်ခဲ့သည်။
စစ်သူကြီးလီနှင့်ပူးပေါင်းနေသော မိစ္ဆာကောင်ကိုတော့ ဖမ်းလို့မမိခဲ့ပေ။ ထို့အပြင် မိစ္ဆာဘုရင်လည်း ထွက်ပေါ်လာပြီဟု ကြားနေရသောသတင်းစကားတွေကြောင့် ပြည်သူတွေမှာ ကျီးလန့်စာစားဖြစ်နေကြရသည်။
ယခင်ဘ၀တုန်းကမိစ္ဆာဘုရင်ကို ထောင်ဟွားကိုယ်တိုင် လျှို့၀ှက်နေရာတစ်ခုတွင် စည်းအထပ်ထပ်ဖြင့် ပိတ်လှောင်ထားခဲ့ခြင်းမို့ ထိုသူတော့ဟုတ်ပုံမရချေ။
VOUS LISEZ
မက်မွန်ပွင့်တို့သက်သေတည်၍ [completed]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...