အခန်း ၄၅ - ရိပေါ်... ငါ့ကိုကယ်ပါ...

3K 295 12
                                    

"ရှောင်းကျန့် တော်တော့..."

"အာ...ဟီး... ကျွန်တော် မမူးသေးပါဘူး"

ရှောင်းကျန့်က ရိပေါ်ကိုဟီးခနဲရယ်ပြရင်း လက်ထဲမှခွက်ကို ကိုင်ကာမော့သည်။ ယခုသူတို့ရောက်နေသည်က ဒင်နာပါတီ။ တစ်နည်းအားဖြင့် ရိုက်ကူးရေးပြီးဆုံးသည့် အထိမ်းအမှတ်ညစာစားပွဲ။

ပါတီဆိုသော်လည်း ပွဲတစ်ခုလိုကျင်းပနေသည်မဟုတ်ဘဲ မိသားစုလိုပင် ပျော်ပျော်ရွှင်ရွှင် သောက်စားနေကြတာမို့ စားသောက်ဆိုင်အတွင်း သူတို့အဖွဲ့သားများ၏ ခွက်ချင်းတိုက်သံ၊ ရယ်မောသံတို့က ဆူညံနေသည်။

ရိပေါ်က ရှောင်းကျန့်မသောက်နိုင်တာကိုသိတာကြောင့်တားသော်လည်း မရသည့်နောက် လွှတ်ပေးထားလိုက်ရသည်။

အတန်ကြာတော့ နည်းနည်းလေးသောက်ရုံနှင့်မူးတတ်သော ရှောင်းကျန့်၏ထုံးစံအတိုင်း ခုံပေါ်မှောက်လုလု ဖြစ်လာလေပြီ။

ထို့ကြောင့် ရှောင်ဟိုင်နှင့်ရိပေါ်တို့လည်း ဒါရိုက်တာနှင့် အခြားမိတ်ဆွေအားလုံးကို သေသေချာချာ နှုတ်ဆက်ကာ ရှောင်းကျန့်ကိုတွဲပြီး ပြန်လာခဲ့တော့သည်။

ရိပေါ်လည်း သောက်ထားသေးတာကြောင့် တစ်ချိန်လုံး အစားသာထိုင်စားနေသော ရှောင်ဟိုင့်ကိုသာ ကားမောင်းခိုင်းရပြီး သူတို့နှစ်ယောက်ကတော့ အနောက်ခန်းထဲ ၀င်ထိုင်လိုက်ကြသည်။

ရိပေါ်က အမူးသမားလေးကို သူ့ပခုံးပေါ်မှီထားစေပြီး အနောက်မှသိုင်းကာ ဖက်ထားလိုက်သည်။ ကားမောင်းသမားလေးရှောင်ဟိုင်ကတော့ အစ်ကိုနှစ်ယောက်ကို နောက်ကြည့်မှန်မှတစ်ဆင့်ပြန်ချောင်းကြည့်ကာ ပြုံးနေလေတော့သည်။

သို့သော်လည်း သူ့အပြုံးကကြာကြာမခံလိုက်ပါချေ။ မောင်းလာပြီးသိပ်မကြာခင်မှာပင် အမူးသမားလေး အန်ချင်လာတာကြောင့်ရိပေါ်က ကားကိုရပ်ခိုင်းပြီး အပြင်သို့တွဲကာဆင်းခိုင်းရတော့သည်။

အချိန်မှီရုံလေးပင်။ ရိပေါ်တစ်ယောက်မှာ ဟိုအရင်က ဘယ်လောက်ပဲသောက်ပါစေ မမူးတတ်ခဲ့သူရှောင်းကျန့်က အခုလိုပုံစံဖြစ်နေတာကြောင့် ရယ်ပဲရယ်ရတော့မလို။ ငိုပဲငိုရတော့မလိုလို။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now