အခန်း ၄၇ - မက်မွန်ပွင့်တို့သည် ထာ၀ရသက်သေ

3.2K 332 15
                                    

ရိပေါ်က ရှောင်းကျန့်အတွက် ၀မ်းနည်းနေသကဲ့သို့ ရှောင်းကျန့်သည်လည်း ဖမ်းချုပ်ခံထားရင်းကြားမှ အော်ဟစ်ကာငိုနေသော ချစ်ရသူကိုမကြည့်ရက်နိုင်ပေ။

ရင်ထဲတွင် တဆစ်ဆစ်နာကျင်နေမိတာကြောင့် သူ့ရှေ့က ကလပ်ပေါ်မှ ဆေးရည်ခွက်ကို မတုံဆိုင်းဘဲ ယူငင်လိုက်တော့သည်။

"ဟင့်အင်း မသောက်နဲ့... မသောက်ပါနဲ့ ထောင်ဟွား"

တားဆီးအော်ဟစ်သံကို ဥပေက္ခာပြုရင်း မျက်လုံးအစုံကိုမှိတ်ကာ ဆေးရည်ကို မော့သောက်မည်ပြုစဉ်မှာပဲ လက်ထဲမှ ဆေးရည်ခွက်က လုယူခံလိုက်ရလေသည်။

ဆေးရည်ခွက်ကို ရှောင်းကျန့်ထံမှ လုယူလိုက်သူက အိမ်ရှေ့စံမင်းသားပင်ဖြစ်သည်။ ရိပေါ်က ဖမ်းချုပ်ခံထားရာမှ အတင်းရုန်းထွက်ကာ ရှောင်းကျန့်ဆီ အပြေးသွားခဲ့ခြင်းပင်။

ထို့နောက် ခွက်ထဲမှဆေးရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကိုကြည့်ရင်း ရှောင်းကျန့်သာမက အခြားသူတွေပါအံ့သြကာ ကြောင်အနေမိသည်။

"သေမျိုးနယ်ဆီကို သားတော်သွားမှာမို့ သူ့ကိုခွင့်လွှတ်ပေးပါ ခမည်းတော်"

သူ၏မြတ်နိုးရသူကို သေမျိုးနယ်ပယ်သို့ မသွားစေလိုတာမို့ ကိုယ်စားသောက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်လေးမှာ ရှောင်းကျန့်၏ဘေးသို့ တအိအိလဲပြိုကျသွားတော့သည်။

"ရိပေါ်...."

ထိုအခါမှ ရှောင်းကျန့်လည်း သတိဝင်လာကာ လဲပြိုကျသွားသောရိပေါ်ကို ထိန်းမတ်ရင်း အော်ဟစ်ငိုကြွေးမိတော့သည်။

ရိပေါ်ကတော့ ရှောင်းကျန့်၏ရင်ခွင်ကို မှီထားရင်းမှပြုံးပြကာ မျက်ရည်တွေကို သုတ်ပေးရန် လက်ကိုမြှောက်လိုက်သည်။ သို့သော်လည်း တစ်ကိုယ်လုံး အားတို့က မရှိတော့။

"မငို... မငိုပါနဲ့ ငါမင်းကို မှတ်မိနေမှာပါ ဒီဆေးက ငါ့ကိုဘာမှ မသက်ရောက်စေနိုင်ပါဘူး"

ရိပေါ်ဟာ သူ့ရွေးချယ်မှုကြောင့် ငိုကြွေးနေသောချစ်ရသူ၏မျက်ရည်တို့ကို သုတ်မပေးနိုင်သည့်နောက်ဆုံး ခပ်တိုးတိုးလေးသာ နှစ်သိမ့်ရတော့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now