အခန်း ၇၇။ ရှောင်ရှောင်းကျန့်ရဲ့ မဟာဗျူဟာ...

1.6K 196 0
                                    

"ကျန်းလင်ပြည်နယ် ကျူးကျော်ခံရတယ်တဲ့..."

နန်းဆောင်သို့ပြန်ရောက်ပြီးနောက် အတန်ကြာတွေးဆနေပြီးကာမှ ပထမဆုံးပြောလိုက်သောစကားက ကျန်းလင်ပြည်နယ်အကြောင်းဖြစ်နေမည်ဟု ရှောင်းကျန့်မထင်ထားမိပေ။

"ကျူးကျော်တာက ဘယ်တိုင်းပြည်လဲ ယွမ်ကျိုးလား"

"အမှန်ပဲပေါ့"

ရိပေါ်က ခေါင်းညိတ်ပြရင်း မတုံ့ဆိုင်းပဲဖြေသည်။

"ကျန်းလင်က ပြည်နယ်ငယ်လေးဆိုပေမယ့် စီးပွားရေးအတွက်အရင်းအမြစ်ကောင်းတော့ အရင်ကတည်းက ယွမ်ကျိုးဘက်ကမျက်စိကျနေတာ"

ရိပေါ်၏စကားကို ရှောင်းကျန့်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ကျန်းလင်၏ဘုရင်နှင့် ရိပေါ်၏ခမည်းတော်က မိတ်ဆွေရင်းတွေမို့ ဘယ်တုန်းကမှ ကျူးကျော်နယ်ချဲ့ဖို့မစဉ်းစားခဲ့ပေ။

နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးကိုရှေးရှုကြသလို စီးပွားရေးအရ ရင်းနှီးမှုရှိကြသည်။

နှစ်နိုင်ငံနယ်စပ်ဒေသမှ ရွှေတွင်းလုပ်ငန်းတွေဆိုလျှင်လည်း နှစ်ဦးလက်တွဲကာ လုပ်ကိုင်တာတွေရှိသည်။ ယခုတော့ အခြားနိုင်ငံက သည်အရာတွေအားလုံးကို မောင်ပိုင်စီးရန် ကြံစည်လာလေပြီ။

ရိပေါ်က ပြောနေရင်းမှ ရေဆာလာတာကြောင့် လက်ဘက်ရည်ခွက်ကိုင်ကာ ငှဲ့မည်ကြံတော့ ရှောင်ဟိုင်ကပင်ဦးစွာ ကရားကိုကိုင်ကာ ငှဲ့ထည့်ပေးလိုက်သည်။

ပြီးနောက်တိတ်ဆိတ်စွာပင် ဘေးမှာရပ်ကာ ရှောင်းကျန့်တို့ စကားပြောနေသည့်ကြား အနှောင့်အယှက်မဖြစ်အောင် နေလိုက်သည်။

"ကျန်းလင်က စီးပွားရေးအင်အားတောင့်တင်းတယ်ဆိုပေမယ့် စစ်သည်အင်အားမှာ ယွမ်ကျိုးထက်နည်းမှာအမှန်ပဲ အဲဒီ့တော့စစ်ကူလိုမှာလဲ အသေအချာပဲ"

"ဟုတ်တယ် ခမည်းတော်က ငါ့ကိုညီလာခံတက်ခိုင်းတာလဲ အဲဒီ့ကိစ္စပဲ ငါတို့၂ရက်အတွင်း စစ်ကူပို့ရလိမ့်မယ် ခမည်းတော်ကတော့ ငါ့ကိုဦးဆောင်စေချင်တယ် ဒါပေမဲ့...."

ရိပေါ်က ပြောရင်းတန်းလန်းဖြင့် အတွေးများကြား နစ်မြုပ်သွားရပြန်သည်။ ခမည်းတော်က ကျန်းမာရေးပြန်ကောင်းသွားပြီဆိုသော်လည်း သက်တော်ကကြီးပြီမို့ လူငယ်များဖြင့်ယှဉ်လျှင် ဖျတ်လတ်ခြင်းမရှိတော့။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now