အခန်း ၈၄။ မျက်ရည်မိုးတို့ အပြိုင်စွေကြသည့်အခါ...

2K 212 25
                                    

နှာခေါင်းထဲတိုးဝှေ့၀င်လာသည်က ပိုးသတ်ဆေးနံ့များ။ မျက်လုံးတစ်စုံကတော့ ဖွင့်ဖွင့်ချင်းမှာပင် စူးရှသောအလင်းရောင်ကြောင့် ကျိန်းစပ်သွားရသည်မို့ အလျှင်အမြန်ပြန်ပိတ်လိုက်ရသည်။

မျက်လုံးပိတ်ထားချိန်မို့ အာရုံခံစားမှုက ပိုပြီးကောင်းနေသည်လားမပြောတတ်ပါ။ စကားပြောသံ ခပ်တိုးတိုးလေးကို ရှင်းလင်းစွာကြားနေရသည်။

"စောစောက သူ့လက်ကလေးတွေလှုပ်လာတယ် ဒေါက်တာသူသတိရတော့မယ်ထင်တယ်"

ရှောင်းကျန့်က သူ့ခေါင်းကိုအသံကြားရာဘက်သို့စောင်းကာ မျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်လိုက်တော့ မြင်လိုက်ရသည်က နောက်ကျောခိုင်းထားသော ရင်းနှီးနေသည့်ကျောပြင်ကျယ်တစ်ခု။

ပြီးတော့ အဖြူရောင်ဂျူတီကုတ်၀တ်ထားသော ဆရာ၀န်တစ်ယောက်အပြင် သူနာပြုတစ်ယောက်လည်း အခန်းထဲမှာရှိနေသေးသည်။ မဟုတ်မှလွဲရော။ ဒါက ဆေးရုံတစ်ခုခုမှာလား။

အိပ်မက်လား၊ တစ်ကယ်လား ေ၀ခွဲမရဖြစ်နေစဉ်မှာပင် သူ့မှတ်ဉာဏ်ထဲ ပြန်လည်၀င်ရောက်လာသည်က မီးလောင်ခဲ့သောညတစ်ည၏ ပုံရိပ်တွေဖြစ်သည်။

အခန်းအပြင်ကို ထွက်ဖို့ကြိုးစားပါသော်လည်း တံခါးအ၀ရှိ အရှိန်ပြင်းပြင်းတောက်လောင်နေသော မီးညွန့်မီးတောက်တွေကြောင့် မတတ်နိုင်ဖြစ်နေခဲ့ပြီး သူသေရတော့မည်ဟု ထင်မြင်ခဲ့ပါသော်လည်း အားကိုးတကြီးခေါ်ခဲ့မိသော ရိပေါ်က အချိန်မီကယ်တင်ပေးခဲ့ပုံပင်။

သူမသေခဲ့ဘူးဆိုသော်လည်း ခြေထောက်မှတင်းကျပ်နေသောခံစားမှုအရ ဗီရိုပိသွားခဲ့သော ခြေထောက်က တစ်စုံတစ်ရာဖြစ်သွားခဲ့ပြီဆိုတာ နားလည်လိုက်သည်။

"ဒေါက်တာသုံးရက်တောင်ရှိပြီလေဗျာ ပြဿနာကြီးကြီးမားမားမရှိဘူးဆိုရင် ဘာလို့သူကမနိုးလာသေးတာလဲ ကျေးဇူးပြုပြီးတစ်ခါလောက်ထပ်ပြီး စစ်ဆေးပေးပါဦး"

အခြားသူတစ်ဦးရှေ့တွင် အမြဲတမ်းရဲရင့်သည့်ပုံရိပ်ကိုသာ ပြတတ်သောရိပေါ်။ ယခုတော့ အသံတွေက တုန်ယင်လှိုက်ခတ်လို့နေပြီး ကြားနေရသောရှောင်းကျန့်သည်လည်း မျက်ရည်တွေ၀ဲလာရတော့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Donde viven las historias. Descúbrelo ahora