အခန်း ၆၀ - အရှင့်​သားကတစ်​စုံတစ်​​ယောက်​နဲ့တူ​နေလို့။

2.3K 251 22
                                    

နံနက်​ခင်း​နေ​ရောင်​က ​လောကတစ်​ခွင်​သို့ ​တောက်​ပစွာ ဖြာကျ​နေသည်​။ ရိ​ပေါ်က နန်း​ဆောင်​၏ ပြတင်းတံခါးဘေးတွင်​ရပ်​ကာ ဟိုးအ​ဝေးကို​ငေး​မော​နေပြီး ​ခြေသုံးလှမ်းခန့်​အကွာမှာ​တော့ ​ရှောင်းကျန့်​ရှိ​နေသည်​။

"ကိုယ်​ရံ​တော်​​ရွေးချယ်​ပွဲကို မင်း​ရောက်​လာလိမ့်​မယ်လို့ ဒီမင်းသားမထင်​ထားခဲ့ဘူး ဘာလို့ဝင်​ပြိုင်​ခဲ့တာလဲ"

"အရှင့်​သားကို ကာကွယ်​​ပေးချင်​လို့ပါ"

"ဒါပဲလား"

"ဟုတ်​ကဲ့"

ရိုးရှင်းလွန်း​သော​ဖြေသံအဆုံးမှာ မျက်​၀န်းတစ်​စုံက​ ​ဟိုးအ​ဝေးမိုး​ကောင်းကင်​ကို ​ငေး​မော​နေရာမှ ​ရှောင်းကျန့်​ထံ​သို့​ရောက်​ရှိလာသည်​။

ထိုအခါသတိထားလိုက်​မိသည်​က ​​ပျော်​ရွှင်​​နေဟန်​ရသည့်​ ​ရှောင်းကျန့်​၏မျက်​၀န်းတစ်​စုံ။

"ဘာလို့နှစ်​ကြိမ်​​တောင်​မှ မင်းရဲ့အသက်​နဲ့ရင်းပြီး ကာကွယ်​​ပေးခဲ့တာလဲ"

သိလိုစိတ်​တို့​ရော​ထွေး​နေ​သော ​မေးသံအဆုံးမှာ ရုတ်​တရက်​ပင်​ ​ရှောင်းကျန့်​၏မျက်​၀န်းတို့က ​ဆွေးရိပ်​သမ်းသွားရသည်​။ ​ရိ​ပေါ်မမြင်​​စေရန်​ ​ခေါင်းကိုငုံ့လိုက်​​သော်​လည်း မမှီလိုက်​ပါ​ချေ။

"အမှန်​အတိုင်းဝန်​ခံရရင်​ အရှင့်​သားက ကျွန်​​တော်​မျိုး အရင်​ကသိခဲ့ဖူးသူ တစ်​​ယောက်​နဲ့ အရမ်းတူလို့ပါ"

ရိ​ပေါ်အံ့သြသွားမိသည်​။ အ​​ကြောင်းရင်းကသည်​​လောက်အထိ ရိုးရှင်းမည်​ဟု မထင်​ထားမိ။ ဒါမှမဟုတ်​ ​အ​ဖြေကိုအမှန်​အတိုင်းမ​ပြောတာများလား။ ဘာ​ကြောင့်​များလဲ။

အေ​ကြာင်းရင်းက မည်​သို့ပင်​ဆို​စေ​ ​ရှောင်းကျန့်​ထံတွင်​ သူ့အ​ပေါ်မ​ကောင်းကြံလိုစိတ်​မရှိဘူးဆိုတာကို​တော့ သူ၏စိတ်​နှလုံးသားထဲမှ အပြည့်​အ၀ယုံကြည်​​နေသည်​။

ထို့​ကြောင့်​ ​ခေါင်းငုံ့ကာရပ်​​နေ​သော ​ရှောင်းကျန့်​ကို တစ်​ချက်​မျှကြည့်​ပြီး​နောက်​ ဓားများထားရာစင်​ဘက်​သို့​ ​လျှောက်​သွားလိုက်​သည်​။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now