အခန်း ၅၈ - ဘာကြောင့်ငါ့နှလုံးသားကပါ နာကျင်လာရတာလဲ။

2.5K 274 10
                                    

ကောင်းကင်တစ်ခွင် တိမ်များကင်းစင်ပြီး မိုးပြာရောင်ဖျော့ဖျော့ သမ်းလျက်ရှိနေသည်။ ကြည်လင်တောက်ပသော နေရောင်ခြည်ကလည်း သစ်ရွက်များကြားမှ ဖြာကျနေသည်။ လေပြည်သည်လည်း ငြိမ့်ငြိမ့်ကလေးတိုက်ခတ်လို့နေလျက်။

ပတ်၀န်းကျင်ရာသီဥတုက သာယာနေသလောက် အရှေ့နန်းဆောင်အနားရှိ ရာသီဥတုကတော့ ချက်ချင်းလက်ငင်း မိုးသက်မုန်တိုင်းကျတော့မည့်နှယ်။

ရိပေါ်က အကျဉ်းထောင်ထဲတွင် အဖမ်းခံထားရသောရှောင်းကျန့်ကို သူ၏နန်းဆောင်ထဲသို့ ပွေ့ချီသွားရင်းမှ တော်၀င်သမားတော်ကိုသွားခေါ်လာဖို့ စေခိုင်းလိုက်သည်။

"တော်၀င်သမားတော်ကို အမြန်ခေါ်လာခဲ့"

"ဟုတ်ကဲ့ပါ အရှင့်သား"

ရိပေါ်၏အမိန့်သံအဆုံးမှာ မိန်းမစိုးကြီးဟာ ကပျာကယာပင် တော်၀င်သမားတော်ကိုပင့်ဖို့ရာ ထွက်သွားလိုက်သည်။ သို့မဟုတ်လျှင် အိမ်ရှေ့စံ၏ဒေါသက သူ့ထံသို့ကျရောက်လာတော့မည်မဟုတ်ပါလား။

ရိပေါ်က ရှောင်းကျန့်ကို ပွေ့ချီလာရာမှ သလွန်တော်ပေါ်သို့ ညင်သာစွာချလိုက်သည်။ ရှောင်းကျန့်တစ်ယောက်ကတော့ဖြင့် သူပွေ့ချီလာစဉ်ကတည်းက ဒဏ်ရာများကြောင့် သတိလစ်နေခဲ့လေပြီ။

"မြန်မြန်လေး အ၀တ်စသန့်သန့်တစ်ခု ယူလာခဲ့ချေ"

"ဟုတ်ကဲ့"

သူ့နန်းဆောင်တွင်ခစားရသော နန်းတွင်းသူတစ်ဦးက အလျင်အမြန်ပင် အ၀တ်စတစ်ခုကို ယူလာသည်။ ရိပေါ်လည်း ရှောင်းကျန့်၏နဖူးပေါ်ရှိ သွေးများ၊ ချွေးတို့ဖြင့် စိုရွှဲနေသောဆံပင်များကို သပ်တင်လိုက်သည်။

ထိုအခါ မျက်၀န်းထောင့်မှ စီးကျထားသောမျက်ရည်များကို သူမြင်လိုက်ရပြီး ရင်ထဲတွင်တင်းကျပ်မှုကိုခံစားလိုက်ရသည်။

ထို့နောက် နန်းတွင်းသူတစ်ယောက် ကမ်းပေးသောအ၀တ်စကိုယူကာ ရှောင်းကျန့်၏မျက်နှာကို သန့်စင်ပေးလိုက်သည်။

ဘယ်လောက်တောင်မှ နှိပ်စက်ထားကြသည်မသိ။ ကိုယ်ပေါ်ကဒဏ်ရာတွေဟာ မြင်ရက်စရာပင်မရှိ။ ဒဏ်ရာများမှ စိမ့်ထွက်နေသောသွေးများကိုပါ တို့သုတ်ပေးချိန်မှာတော့ ညည်းသံသ့ဲသဲ့ထွက်ပေါ်လာသည်မို့ ရိပေါ်၏ရင်ထဲ ဆစ်ခနဲနာကျင်သွားရပြန်သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now