အခန်း ၆၂ - ပြန်လည်မဖြေရှင်းသူ။

3.3K 247 12
                                    

"အဘွားတော်ရေ.... ဝါး... ပန်းတွေပွင့်နေပြီပဲ"

ရှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်၏ ပျော်ရွှင်မြူးထူးစွာထိတွေ့လိုက်မှုကြောင့် နေရောင်ခြည်အောက်တွင် ပွင့်ဖူးနေသောပန်းပင်တို့ လှုပ်ရှားယိမ်းထိုးကုန်ကြသည်။

ကလေးငယ်ရဲ့အနောက်မှာတော့ ချော်လဲမည်စိုးကာ သတိပေးရင်း ခပ်သွက်သွက်လေးလိုက်လာသူတစ်ဦး။ ကလေးဖြစ်နေသော်လည်း အပြေးမြန်လွန်းသည်မို့ သည်တူလေးကို ထိခိုက်ဒဏ်ရာရမှာ သူစိုးရိမ်နေရသည်။ သူကား ကျန်းရိရွှမ်။

မင်းသားလေး၀မ်လီရန်က ပန်းပင်တွေကြားမှပြေးလွှားသွားရင်း အဘွားတော်၏ အဆောင်တော်ရှေ့ရောက်တော့ တွေ့လိုက်သောဖိနပ်နှစ်စုံကြောင့် နန်းဆောင်မှ အထိန်းတော်ကြီးကို လှည့်ကြည့်ကာမေးလိုက်သည်။

"ဘယ်သူရောက်နေတာလဲဟင်"

"မင်းသားလေးရဲ့ ဦးရီးတော်ပါ"

အထိန်းတော်ကြီးပြန်ဖြေတော့ ၀မ်လီရန်က ပို၍ပျော်ရွှင်သွားကာ နန်းဆောင်ထဲသို့ ၀င်သွားလိုက်သည်။

"အဘွားတော် မြေးတော်လာလည်တယ်"

"အားရန်လေးပါလား လာလာ... အားရွှမ်ရော မပါဘူးလား"

"ကျွန်တော်ဒီမှာပါ အရီးတော်"

အဆောင်တော်ထဲသို့ ကျန်းရိရွှမ်၀င်လာပြီး အရီးတော်နှင့်အိမ်ရှေ့မင်းသားကို ဂါရ၀ပြုလိုက်သည်။ သူငယ်ချင်းတွေဖြစ်သလို ညီအစ်ကို၀မ်းကွဲတော်စပ်ပေမယ့်လည်း နောင်အခါထီးနန်းဆက်ခံမည့်သူမို့ လေးစားမှုရှိရမည်မဟုတ်လား။

နှစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိသော်လည်း အရီးတော်ရှေ့မှာတော့ အရိုအသေမတန်သင့်ဟု ယူဆထားသည်။

ရိရွှမ်က ရိပေါ်၏ဘေးတွင်ထိုင်လိုက်ပြီးနောက် အရီးတော်၏အနီးတွင် ရှိနေသူထံအကြည့်တစ်စုံကို နေရာရွှေ့လိုက်တော့ ဘယ်သူဆိုတာသိလိုက်သည်။

"အယ်... မင်းကဟိုတစ်ရက်က....."

ရိရွှမ်၏ အမေးစကားက မဆုံးလိုက်ပေ။ ခေါင်းညိတ်ကာပြုံးပြလိုက်သော ရှောင်းကျန့်ကြောင့် ဟိုတစ်ရက်က စားသောက်ဆိုင်တွင် သူ့ကိုကူညီပေးခဲ့သူဆိုတာ သေချာသွားခဲ့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now