အခန်း ၈၁။ မင်းရဲ့၀ဲဘက်ရင်အုံက ငါ့နေရာကို တခြားသူဆီ မပေးပစ်လိုက်ပါနဲ့။

1.6K 199 12
                                    

ဟုန်ထျန်းတိုင်းပြည် အိမ်ရှေ့စံမင်းသား၏ လက်ထပ်မင်္ဂလာပွဲတော်နေ့။

သူတို့တစ်တွေချစ်မြတ်နိုးကြသော အိမ်ရှေ့စံမင်းသား၏ လက်ထပ်ပွဲဖြစ်တာကြောင့် ပြည်သူများ ပျော်ရွှင်နေကြသည်။ မောင်နှံနှစ်ဦး ထာ၀ရရွှေလက်တွဲကာ ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးနေကြပါသော်လည်း ကာယကံရှင်ဖြစ်သူများမှာတော့ နည်းနည်းကလေးမှ ပျော်ရွှင်မနေပါချေ။

မင်္ဂလာအချိန်နီးပြီဖြစ်သည့်တိုင် မင်္ဂလာ၀တ်ရုံတော်ကို ဆင်မြန်းခြင်းမရှိသေးသော အိမ်ရှေ့စံဖြစ်သူကြောင့် နန်းတွင်းအစေခံတို့မှာ အကျပ်ရိုက်နေကြသည်။

မင်္ဂလာ၀တ်ရုံတော်ကို ၀တ်ဆင်ခွင့်ပေးဖို့ရာ လျှောက်ထားချိန်တိုင်း အော်ငေါက်ထုတ်သည်မို့ မည်သို့မျှမတတ်နိုင်ဖြစ်နေရပြီး နန်းဆောင်အရှေ့မှာသာ ရပ်နေကြရသည်။ ရိပေါ်အနားမှာတော့ မိန်းမစိုးတရှင်နှင့် ရှောင်ဟိုင်သာ ကျန်ရှိနေလေသည်။

"တရှင်"

"ကျွန်တော်မျိုး ရှိပါတယ်အရှင့်သား"

"ဒီမင်းသားက သူရဲဘောကြောင်တဲ့သူလား"

"အရှင့်သားက ရဲရင့်ပြီးဖြောင့်မတ်မှန်ကန်တဲ့သူပါ"

ရိပေါ်ခေါင်းခါလိုက်သည်။ သူသာရဲရင့်သူဖြစ်ရိုးမှန်လျှင် သည်လိုဆုံးဖြတ်ချက်မျိုး ချခဲ့မိမှာမဟုတ်ပေ။ အခုတော့ ဘ၀မှာမလုပ်ချင်ဆုံး အရာတစ်ခုကိုလုပ်ရတော့မည်။

"တစ်ကယ်ဆိုဒီမင်္ဂလာပွဲကို လက်မခံဘဲ သူ့ကိုခေါ်ပြီး ဟိုးအေ၀းကြီးကို ထွက်ပြေးခဲ့သင့်တာ"

"အရှင့်သားက သူ့အတွက်အနစ်နာခံလိုက်တာဆိုတာ တစ်ချိန်ချိန်မှာသူနားလည်သွားမှာပါ"

သည်မင်္ဂလာပွဲကို ဘာကြောင့်လက်ခံလိုက်ရသည်ဆိုသော အကြောင်းရင်းကိုသိနေသူ မိန်းမစိုးတရှင်က ဆုံးဖြတ်ချက်တွေ မေ၀ဝါးစေဖို့ ကြိုးစားပြောပြနေပါသော်လည်း ရိပေါ်ကတော့ စိတ်တွေလေးလံနေမိသည်။

"သူမုန်းသွားတာက ပိုအဆင်ပြေပါတယ်လေ မဟုတ်ရင် သူတစ်ယောက်တည်း ငိုကြွေးနေလိမ့်မယ် တရှင်... ဒီမင်းသားတစ်ယောက်တည်း ခဏလောက်နေပါရစေ"

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Donde viven las historias. Descúbrelo ahora