အခန်း ၈၀။ ထောင်ဟွားက ငါ့ကိုချစ်ပေးဖို့အတွက် သီးသန့်ဖြစ်တည်မှု။

1.6K 181 4
                                    

"ရိပေါ် အပြင်မှာ အစောင့်တွေရှိတယ်လေ"

"အင်း... ရှိပါစေလေ သူတို့တာ၀န်က ငါ့လုံခြုံရေးကို စောင့်ပေးဖို့ပဲကို"

"ငါကျတော့ရော မင်းရဲ့ကိုယ်ရံတော်လေ"

"ဟင့်အင်း ထောင်ဟွားကတော့ ငါ့ကိုချစ်ပေးဖို့အတွက် သီးသန့်ဖြစ်တည်မှုလေး"

နှုတ်မှပြောရင်း လက်ကလည်း လူတစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားလေသည်။ ရှောင်းကျန့်လည်း စကားတတ်လွန်းလှသော အရှင်သခင်လေးကို စကားပြိုင်မလုချင်တော့သည်မို့ သူ့ဆန္ဒအတိုင်းသာ နံဘေးမှာလဲလျောင်းရင်း တစ်ကိုယ်လုံးအသားယူခွင့်ပေးလိုက်ရတော့သည်။

အဖြစ်အပျက်ကားဤသို့။ ညစာစားပွဲမှအပြန်တွင် မူးဟန်ဆောင်နေသောရိပေါ်ကို အစိုးရိမ်ပိုကာ မြင်းတစ်စီးတည်း အတူစီးကာပြန်ခဲ့သောရှောင်းကျန့်...

စခန်းချရာရောက်တော့ အခြားစစ်သည်လေးများက တွဲပေးမည်ပြုသော်လည်း အနားရောက်လာသူများကို ရိုက်ထုတ်နေသောရိပေါ်ကြောင့် သူကိုယ်တိုင်ပင် ရွက်ဖျင်တဲထဲသို့ တွဲခေါ်ပေးရသည်။

အိပ်ရာပေါ်ချပေးပြီးနောက် သက်တောင့်သက်သာဖြစ်စေရန် ခန္ဓာကိုယ်ကိုနေရာချ၊ ခြေနင်းဖိနပ်ကိုချွတ်ပေးပြီးနောက် လှည့်ထွက်မည်ပြုတော့ သူပြုသမျှဆန့်ဆန့်ကြီးလှဲကာငြိမ်နေခဲ့သူက ထထိုင်ပြီးလာပြီးနောက် သူ့ခါးကိုနောက်ကျောမှ ဖက်တွယ်ထားတော့သည်။

လက်တစ်စုံကိုဖွဖွအုပ်ကိုင်ရင်း လှည့်ကြည့်တော့ မျက်လုံးတို့က အနည်းငယ်ရီဝေဝေ။

"ကော... ပူတယ်လို့ အင်္ကျီလဲပေး"

ကြားလိုက်ရသည့် ချွဲပျစ်နေသောခေါ်သံကြောင့် ရှောင်းကျန့်တစ်ယောက် ခေါင်းနားပန်းကြီးသွားရပြီး ကမန်းကတမ်းပင် ရိပေါ်၏နဖူးကို လက်ဖဝါးအုပ်ကာ စမ်းမိတော့သည်။

"ဖျားလဲမဖျားပါဘူး"

ရှောင်းကျန့်၏ မှတ်ချက်ချသံအဆုံးမှာ ရိပေါ်တစ်ယောက် နှုတ်ခမ်းတို့စူသွားရပြီး ဖက်တွယ်ထားဆဲ လက်အစုံကိုဖြုတ်၊ ရှောင်းကျန့်ကိုကျောပေးကာ အိပ်ရာပေါ်ပြန်လှဲလိုက်သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now