အခန်း ၅၂ - နားငြီးလို့...

2.5K 253 8
                                    

မြို့တော်အတွင်းရှိ စားသောက်ဆိုင်တစ်ခုအတွင်း စားသုံးသူတို့ပြည့်နှက်ကာ ဆူညံပွက်လောရိုက်နေသည်။ စားပွဲ၀ိုင်းတွေမှာလည်း ထိုင်စရာနေရာလွတ်ပင် သိပ်မရှိတော့။

ဆိုင်၏အမှောင်ကျကျထောင့်ဘက်ရှိ စားပွဲတစ်ခုမှာတော့ ဘေးပတ်၀န်းကျင်ကို ဂရုမစိုက်ဟန်ဖြင့် ပန်းကန်ထဲရှိခေါက်ဆွဲဖတ်များကိုသာ အားရပါးရစားနေသူတစ်ယောက်ရှိသည်။

ရှောင်းကျန့်လည်း စားပွဲမတွေ့တာမို့ ထို၀ိုင်းမှာပင်၀င်ထိုင်လိုက်ပြီး ခေါက်ဆွဲတစ်ပွဲမှာယူလိုက်သည်။ ထိုလူကတော့ သူ့ကိုမော့၍ပင်မကြည့်။

ရှောင်းကျန့်အသေအချာ ကြည့်လိုက်တော့ ထိုလူကသူ့အသက်ထက်ပင် ငယ်မည့်ပုံရသည်။ ၀တ်စားထားသည်ကို ကြည့်ရသလောက် ချမ်းသာသောအိမ်တော်မှ သခင်လေးတစ်ယောက်ဖြစ်နိုင်သည်။

အမှန်တစ်ကယ်အားဖြင့် ထိုအမှောင်ခိုနေသသောလူက ဘေး၀ိုင်းများမှ စကားသံများကို တိတ်ဆိတ်စွာနားထောင်နေတာဖြစ်သည်။

ခေတ္တမျှကြာတော့ သူ့ဘေး၀ိုင်းမှတိုးတိုးကြိတ်ကြိတ်ပြောသံကို ကြားလိုက်ရတာကြောင့် ရှောင်းကျန့်လည်းအာရုံစိုက်လိုက်သည်။ အကြောင်းအရာထဲမှ အဓိကလူမှာ ရိပေါ်ဖြစ်နေသည်မလား။

"ဟေး... မင်းတို့ကြားပြီးကြပြီလား အရင်အိမ်ရှေ့စံလုပ်ကြံခံရတာ အခုအိမ်ရှေ့စံလုပ်တာတဲ့"

"မဖြစ်နိုင်တာ အခုအိမ်ရှေ့စံမင်းသားက ဘယ်လောက်တောင်မှ စိတ်သဘောထားကောင်းလိုက်သလဲ"

"အေးလေ မဟုတ်မမှန်သတင်းတွေပါကွာ"

"ငါကြားတာတော့ အခုတစ်လောမိစ္ဆာတွေသောင်းကျန်းနေတယ်တဲ့ သူတို့လက်ချက်လည်း ဖြစ်နိုင်တာပဲ"

တိုးတိုးကြိတ်ကြိတ် ပြောနေကြသည်ဆိုသော်လည်း တစ်ယောက်တစ်ပေါက်မို့ အသံတွေတဖြည်းဖြည်းကျယ်လာတော့ အခြား၀ိုင်းမှလူတစ်ယောက်က နှာခေါင်းရှုံ့သည်။

"ဟမ့် ဘာကောင်းတာလဲ ကိုယ့်လူတွေရဲ့အသက်ကိုတောင် မကယ်နိုင်တဲ့လူကိုများ အိမ်ရှေ့စံရာထူးပေးရသေးတယ် ဒီလိုလူမျိုးက အိမ်ရှေ့စံဖြစ်သွားတာကို ထွီ... ရွံလွန်းလို့"

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now