အခန်း ၇၁။ မင်းတို့ရပ်ကြပါတော့ကွာ ငါတိုက်ရတာပျင်းလာပြီ။

1.6K 191 0
                                    

ပြေပြေလေးတိုက်ခတ်နေသော လေထုအတွင်း ဓားရေးကစားနေသံ တ၀ှစ်၀ှစ်က အဆက်မပြတ်ထွက်ပေါ်နေသည်။ ကြွေကျလာသည့် ဝါးရွက်တွေကလည်း မြေပြင်ပေါ်မကျရောက်ခင်မှာပင် ရှောင်းကျန့်၏ တိကျသောဓားချက်တို့ကြောင့် အပိုင်းပိုင်းပြတ်ကုန်လေသည်။

သည်နေ့နဲ့ဆိုလျှင် အရှင့်သားတို့သွားတာ ခုနစ်ရက်မျှရှိလေပြီ။ အဆင်ပြေကြရဲ့လားတွေးပူမိသော်လည်း အပြေးသွားကြည့်လို့မရတာကြောင့် အမိန့်တော်ရှိခဲ့သည့်အတိုင်း လုပ်ကြံမှုများ၏တရားခံကိုသာ စုံစမ်းနေရသည်။

အရှင့်သားက သူ့ကိုစုံစမ်းခဲ့ခိုင်းတာ မှန်သွားသည်ဟုဆိုရမည်။ နောက်ကွယ်ကတရားခံကို သူသိခဲ့ရပြီးပြီ။

သို့သော် ဆက်တိုက်လိုက်လံစုံစမ်းသော်လည်း လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိသေးသည့်အပြင် တစ်ခုတည်းသော သဲလွန်စကလည်း ပြတ်တောက်သွားခဲ့ရသည်။

ဖြစ်ပုံကဤသို့။ မွေးနေ့ပွဲတွင် ရိပေါ်ကိုအဆိပ်ခတ်လုပ်ကြံခဲ့သော အားလီကိုဖမ်းချုပ်ထားသည့် အကျဉ်းထောင်ကို သူသွားခဲ့စဉ်က လူတစ်ယောက်ထွက်လာသည်ကို တွေ့ခဲ့သည်။

အစောင့်ရဲမက်၀တ်စုံနှင့်မို့ အကျဉ်းထောင်အစောင့်တွေ တာ၀န်လဲတာဟု ထင်ခဲ့မိခြင်းက အကျဉ်းထောင်အတွင်းသို့ရောက်သွားသည့်နောက် လွဲမှားနေမှန်းသိလိုက်ရသည်။

သတိလစ်နေသော အကျဉ်းထောင်အစောင့်တွေကိုကျော်ခွပြီး အားလီရှိရာကိုအပြေးသွားမိတော့ ကြမ်းပြင်တွင်လဲကျနေတာကိုတွေ့လိုက်ရသည်။ သူမ၏လည်ပင်းမှာလည်း သွေးတွေစိမ့်ထွက်နေသော ပြတ်ရှရာတစ်ခု။

"စစ်... စစ်သူကြီးလီ"

ဒါကသူမရဲ့ နောက်ဆုံးထွက်သက်မတိုင်ခင် ပြောသွားသောစကား။ သူ့ရင်ထဲတွင် ခြေတစ်လှမ်းနောက်ကျသွားသည့်အတွက် မခံချိမခံသာဖြစ်ခဲ့ရသည်။

နောက်တော့ တစ်ခုတည်းသော သဲလွန်စဖြစ်သည့် စစ်သူကြီးလီ၏အိမ်တော်ကို စောင့်ကြည့်ပါသော်လည်း ထူးခြားတာမျိုးရှိမနေပါချေ။

ဒါပေမယ့် ဒီကိစ္စမှာ စစ်သူကြီးလီ ပါ၀င်နေသည်ဆိုတာ မသိစိတ်က ခံစားလို့ရနေသည်။ ပြီးတော့အားလီကိုလည်း သူတို့ပဲနှုတ်ပိတ်ခဲ့တာဖြစ်နိုင်သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Donde viven las historias. Descúbrelo ahora