အခန်း ၅၆ - ပြန်လည်ဆုံတွေ့ကြလေပြီ

2.3K 246 4
                                    

ရက်အနည်းငယ်ကြာသော်။

ကောင်းကင်ထက်မှဖြာကျနေသော နေရောင်ခြည်အောက်တွင် ရွှေနန်းတော်ကြီးတစ်ခုလုံး တောက်ပနေသည်မှာ ရောင်ခြည်များဖြာထွက်နေသည့်အလား ထီးနန်းအငွေ့အသက်တို့ဖြင့် တင့်တယ်နေသည်။

တိုက်ပွဲပြုလုပ်ရာစင်မြင့်ဟာ နေရောင်ခြည်အောက်ဝယ် ခမ်းနားစွာ တည်ရှိနေသည်။ စင်မြင့်၏ အရှေ့၌မူ တော်ဝင်မိသားစု၏ ပွဲကြည့်ရာ စင်မြင့်ရှိသည်။

စင်၏ ဘေးတစ်ဖက်စီမှာတော့ ပြိုင်ပွဲဝင်များနှင့် ပွဲကြည့်သူတို့အတွက် နေရာအသီးသီး ပြုလုပ်ပေးထားလေသည်။

သည်နေ့ကား ဟုန်ထျန်းတိုင်းပြည်၏ အသစ်တင်မြှောက်လိုက်သော အိမ်ရှေ့စံမင်းသားအတွက် ငွေဓားကိုင်ကိုယ်ရံတော် ရွေးချယ်ပွဲ နောက်ဆုံးနေ့ပါတည်း။

ဆန်ကာတင်ကျန်ရစ်သော ပြိုင်ပွဲ၀င်(၁၀)ဦးထဲတွင် ရှောင်းကျန့်သည်လည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။

လွန်ခဲ့သည့်ရက်ပိုင်းက ရီဟုန်ယွမ်မှာ သတင်းစုံစမ်းခဲ့စဉ်က ယခင်ကိုယ်ရံတော်က အိမ်ရှေ့စံကိုကာကွယ်ရင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာမို့ ယခုအိမ်ရှေ့စံအတွက် ကိုယ်ရံတော်အသစ် ရွေးချယ်လိမ့်မည်ဆိုတာ သိခဲ့ရသည်။

ထို့ကြောင့် ကိုယ်ရံတော်ရွေးချယ်ပွဲတွင် မည်သူမဆိုပါ၀င်ယှဉ်ပြိုင်နိုင်ကြောင်း ပြည်သူများထံအသိပေးကြေငြာချိန်တွင် ရှောင်းကျန့်တစ်ယောက် ပျော်ရွှင်စွာပင်အမည်စာရင်းသွင်းခဲ့သည်။

ဒါကလက်ရှိမှာ သူ့ချစ်သူအနားကိုရောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပင် မဟုတ်ပါလား။ ကိုယ်ရံတော်ရွေးချယ်ပွဲ ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင်သုံးရက်မြောက်ရှိပြီဖြစ်သည်။

ယခင်နှစ်ရက်စလုံး ရိပေါ်ကိုသူမတွေ့ခဲ့ရပေ။ ပြိုင်ပွဲ၀င်သူတွေလည်း များပြားတာကြောင့် အရှင်မင်းကြီးနှင့်အိမ်ရှေ့စံကိုယ်စား စစ်သူကြီးနှစ်ဦးက ဦးစီးကာကျင်းပခဲ့တာဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရက်စလုံး မျှော်နေသူကပေါ်မလာသော်လည်း သည်နေ့တော့ မျက်နှာတော်လေးမြင်နိုင်ဖို့ရာ ရင်ထဲကပင်တိတ်တခိုးဆုတောင်းနေမိသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now