အခန်း ၇၂။ ရိပေါ်မဟုတ်သော....ရိပေါ်....

1.8K 206 10
                                    

"ရပ်လိုက်စမ်း"

ရိပေါ်အော်လိုက်သည်နှင့် ဓားပြအုပ်စုမှာ လန့်သွားကြလေသည်။ ရှောင်းကျန့်လည်း အသံကြားရာဆီသို့ ဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး ထိုစဉ်မှာပင် ဓားချက်တစ်ချက်က သူ့ဘယ်ဘက်လက်မောင်းထံ ကျရောက်သွားလေသည်။

သည်အခါ သူ၏ညာဘက်လက်ကို ဖျတ်ခနဲလှုပ်ရှားလိုက်ရာ သူ့လက်ကိုဓားဖြင့်ခုတ်လိုက်သူ၏ ခန္ဓာကိုယ်ဟာ ခါးလယ်မှတိတိရိရိပင် ပြတ်သွားရလေသည်။

ဓားပြများလည်း သူတို့လူ၏ဖြစ်အင်ကိုကြည့်ကာ ကြောင်အမ်းသွားကြသည်။ ဓားအိမ်ထဲမှ ဓားကိုထုတ်လိုက်သည်ကို တစ်ယောက်မျှမမြင်လိုက်ကြဘဲ ပြန်သိမ်းချိန်မှာတော့ တစ်ယောက်သေဆုံးသွားခဲ့ပြီ။ မည်မျှမြန်လိုက်ပါသနည်း။

ဤသို့ဆိုလျှင် စောစောက သူတို့ကိုပြန်မတိုက်ဘဲပတ်ပြေးနေသည်မှာ သူတို့အုပ်စုကို ကြောက်၍မဟုတ်တန်ရာ။ သူတို့ကို ကစားနေခြင်းသက်သက်သာဖြစ်ချေမည်။ ထိုအချိန်မှာပင် သူတို့မနိုင်ခဲ့။ ယခုတော့ရှောင်းကျန့်က ဓားကိုပင် တစ်ကြိမ်ထုတ်ပြပြီးလေပြီ။

စစ်ကူလည်းတိုးလာပြီမို့ သူတို့အရေးနိမ့်ပြီဆိုတာ ရိပ်မိလိုက်ကြသည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်ဟန်တူသူက သူ့လူများကို ပြန်လည်ဆုတ်ခွာရန် အချက်ပြလိုက်သည်။

သို့သော်လည်း ရိပေါ်၏လူများက ထိုသို့ဖြစ်ရန် ခွင့်မပြုသည်မို့ နောက်ဆုံးမှာဓားပြများအားလုံး ဖမ်းမိလိုက်ကြလေတော့သည်။

"အရှင့်သား တစ်ယောက်မကျန် အကုန်လုံးဖမ်းမိပါတယ်"

"အင်း ကြိုးတုပ်ထားလိုက်"

ရှောင်းကျန့်က ရိပေါ်တို့အုပ်စု ဓားပြများကို ကြိုးနှင့်ချည်နေသည်ကို သည်အတိုင်းရပ်ကြည့်နေလေသည်။

ဖမ်းမိသွားပြီဖြစ်သော ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်နိုင်သူကို အားလီ၏ကိစ္စနှင့်ပတ်သတ်ပြီး မေးမြန်းချင်သော်လည်း ရိပေါ်ရှိနေတာကြောင့်အခွင့်မသာပေ။

သည်တောပုန်းဓားပြလေး (၁၀)ယောက်လောက်ကို သူမမှုပေ။ အကြောင်းမဲ့ မသတ်ချင်သည်မို့ ဓားပင်မထုတ်ခဲ့။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now