"ကျွန်တော့်နာမည်က ကျောက်၀မ်ရှန်းပါ ဒီက မိတ်ဆွေလေးအမည်က ဘယ်လိုခေါ်ပါသလဲ"
"အာ... ကျွန်တော်ကလား တစ်စုံတစ်ယောက်ကတော့ 'ဟွား'လို့ခေါ်တယ်ဗျ"
"သြော် မျိုးရိုးအမည်ထင်ပါ့"
အာမခံအဖွဲ့ခေါင်းဆောင်၏ စကားကြောင့် ရှောင်းကျန့်တစ်ယောက် မဆိုစလောက်လေး ပြုံးယောင်သမ်းသွားရသည်။
သူ၏အမည်ရင်းနှင့်ပါတ်သတ်ပြီး သူစိမ်းတစ်ယောက်ကို မပြောလိုသော်လည်း လိုချင်သာသတင်းများက ရှိသေးတာကြောင့် ထိုအမည်ကိုသာသုံးကာ ရင်းနှီးစေရန်ဆက်လက်ကြိုးပမ်းလိုက်သည်။
"မဟုတ်ပါဘူးဗျာ မက်မွန်ပန်းပွင့်ဆိုတဲ့ ထောင်ဟွားပါ ယောကျ်ားလေးတစ်ယောက်ကို ဒီလိုခေါ်တာက နည်းနည်းတော့ အူကြောင်ကြောင်ဖြစ်သွားမယ််ထင်ပါရဲ့"
"မဟုတ်ပါဘူးဗျာ ကျွန်တော်စဉ်းစားမိတာက ပန်းနဲ့တောင်တင်စားပြီးခေါ်တယ်ဆိုတော့ မျက်နှာဖုံးအောက်က မိတ်ဆွေရဲ့မျက်နှာက တစ်ကယ်ကို သူမတူအောင် ချောမောမှာသေချာသလောက်ပဲ"
"အဲဒီ့လောက်လဲ မဟုတ်ရပါဘူးဗျာ"
ကျောက်၀မ်ရှန်းက ထောင်ဟွားဆိုသည်မှာ အမည်ရင်းမဖြစ်နိုင်မှန်း ခန့်မှန်းမိသော်ငြားလည်း တစ်ဖက်လူကပြောလိုဟန်မရှိတာကြောင့်ဆက်မမေးနေတော့ပေ။ သူတို့က ဒီခရီးတိုလေးတစ်ခုအတွက်သာ ပူးပေါင်းခဲ့တာမဟုတ်ပါလား။
စကားတပြောပြောဖြင့် ခရီးနှင်လာကြရင်း ရှောင်းကျန့်က မြို့တော်နှင့်ပါတ်သက်သောသတင်းများကို ထိုသူတွေဆီကရော လမ်းခရီးတစ်လျှောက်မှာရော စုံစမ်းမေးမြန်းလာခဲ့သည်။
ထိုအခါသူသိလိုက်ရသည်က သူတို့တိုင်းပြည်၏အိမ်ရှေ့စံမင်းသား လုပ်ကြံခံရခြင်းနှင့်အတူ အိမ်ရှေ့စံမင်းသားနေရာ ပြောင်းလဲနိုင်ခြင်းပင်ဖြစ်လေသည်။
မည်သို့လုပ်ကြံခံရသည်။ မည်သူ့လက်ချက်ဖြစ်သည်ဆိုသော အကြောင်းအရင်းအမှန်ကိုတော့ ရေရေရာရာမသိကြပေ။
လမ်းတစ်လျှောက် သတင်းများစုဆောင်းရင်းဖြင့် နောက်တစ်နေ့ညနေတွင် သူတို့အားလုံး မြို့တော်ကိုရောက်လာခဲ့ကြသည်။
VOUS LISEZ
မက်မွန်ပွင့်တို့သက်သေတည်၍ [completed]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...