အခန်း ၇၆ ။ မယုံရင်ထပ်နမ်းကြည့်

1.7K 205 2
                                    

နေ့သစ်တစ်ခုအစပြုလေပြီ။ ငှက်ငယ်တို့၏တေးသီကျူးသံနှင့်အတူ အိပ်ရာနိုးလာတော့ ရိပေါ်ကအိပ်ပျော်နေဆဲ။ ရှောင်းကျန့်က သူ့လက်တစ်ဖက်ကို တံတောင်ဆစ်ကွေးကာထောက်လိုက်သည်။

ထို့နောက် လက်ဖဝါးပြင်ပေါ် ခေါင်းကိုစောင်းတင်ရင်းမှ ရိပေါ်၏မျက်နှာကိုကြည့်လိုက်သည်။ အိမ်ရှေ့စံမဖြစ်ခင်ကတည်းက စစ်ပွဲတွေကြား ပါ၀င်တိုက်ခိုက်နေခဲ့သူဆိုသော်လည်း အသားအရည်က အနည်းငယ်ညိုသွားသည်ကလွဲလို့ ပျက်စီးမသွားဘဲ ယခင်အတိုင်းကြည်လင်နေမြဲပင်။

ရှောင်းကျန့်က ရိပေါ်၏ပါးပြင်ကို တို့ထိနေရာမှ နှာတံစင်းစင်းလေးကို လက်ညှိုးလေးဖြင့်အသာပုတ်ကြည့်သည်။ ဖွဖွညှစ်သည်။ ဆိတ်ကာဆွဲကြည့်သည်။ သို့သော်လည်း ရိပေါ်တစ်ယောက်မှာတော့ မနိုးလာသေး။

နှစ်သစ်ကူးပွဲတော်၏နောက်ဆုံးညလည်းဖြစ်သလို သူတို့နှစ်ယောက်ပြန်ဆုံသည့် အထိမ်းအမှတ်ဆိုကာ ညတုန်းကသေရည်သောက်ဖြစ်ခဲ့ကြသည်။

သူကတော့ သေရည်သောက်နိုင်စွမ်းမြင့်သည်မို့ ခေါင်းအနည်းငယ်အုံခဲနေတာကလွဲလို့ ဘာမှသိပ်မဖြစ်ပေ။

ဘာပဲလုပ်လုပ် မနိုးလာဘဲငြိမ်နေသောရိပေါ်ကြောင့် တိုးတိုးလေးရယ်မောမိပြီးနောက် နဖူးပြင်ထက်ဖွဖွမွှေးကြူရန် ကြိုးစားလိုက်သည်။

သို့သော်ငြား အမောင်ရိပေါ်၏မျက်လုံးတစ်စုံက ပွင့်အာလာပြီးနောက် သူ့ရဲ့နှုတ်ခမ်းလွှာများကို သိမ်းပိုက်ယူငင်လိုက်လိမ့်မည်ဆိုတာ ဘယ်သူသိနိုင်ပါမည်လဲ။

"ညစ်ပတ် မျက်နှာလဲမသစ်ရသေးဘဲနဲ့ အော့အော့..."

"ငါ့ပါးစပ်က မသန့်ရှင်းရသေးလဲ မွှေးတယ်ထောင်ဟွားရဲ့ မယုံရင်ထပ်နမ်းကြည့်ပါလား"

"တော်ပါ လူလည်ကျတတ်လိုက်တာ"

ရှောင်းကျန့်ဟာ သူ့တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားကာ အတင်းကိုသက်သေပြချင်နေသော ရိပေါ်၏ရင်ဘတ်ကို ဖွဖွထုလိုက်ရင်း ထထိုင်ဖို့ကြိုးစားသော်ငြား မလွှတ်ပေးပါ။

"ခေါင်းကိုက်နေသေးလား"

"အား... ကျွတ်ကျွတ်... ပြောကာမှ ကိုက်လာသလိုပဲ"

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now