အခန်း ၇၀။ အရေးတော်အောင်မြင်လေပြီ။

1.8K 200 10
                                    

သူတို့နိုင်ငံ၏ တပ်သား၀တ်စုံကို၀တ်ဆင်ထားကာ သတိလစ်နေသောစစ်သူကြီးချုပ်ကိုဆွဲခေါ်လာသည့် ရိပေါ်ကိုကြည့်ကာ မင်းသားဟန်ရှင်းတစ်ယောက် ဘယ်လိုမှ နားမလည်နိုင်ပေ။

"မင်း... မင်းတို့ငါ့ကိုသိနေတယ်"

"ကြားဖူးထားတာတော့ မင်းသားဟန်ရှင်းက စစ်ရေးဗျူဟာကျွမ်းကျင်တယ်ဆို အခုတော့ ထင်သလောက်လဲမဟုတ်ပါလား"

"ဟမ့်... ဒီတော့ဘာဖြစ်လဲ မင်းတို့ဒီခံတပ်ထဲကနေ လွတ်မြောက်မယ်ထင်နေတာလား ဟားဟားဟား"

ရိပေါ်က သူဆွဲခေါ်လာသော စစ်သူကြီးချုပ်အစစ်ကို စစ်သူကြီးကျန်းဆီသို့ လွှဲပြောင်းပေးပြီးနောက် သူ့ကိုယ်ပေါ်ရှိတပ်သား၀တ်စုံကို ချွတ်ပစ်လိုက်သည်။

"မင်းကဒီမင်းသားကို သတ်ချင်တယ်ပေါ့ လုပ်နိုင်မှာသေချာလို့လား ဒီမင်းသားရဲ့မျက်လုံးထဲမှာတော့ မင်းကကြက်ပေါက်ကလေးလိုပဲ အားနည်းလွန်းတယ်"

"မင်း... မင်း..."

သူပြောခဲ့သောစကားနှင့် သူ့ကိုပြန်လည်လှောင်ပြောင်နေသူကြောင့် ဒေါသနှင့်အတူ ထစ်ထစ်အအ ထွက်ပေါ်လာသာစကားသံက အဆုံးကိုမရောက်သေးခင်မှာပင် အေးစက်စက်ဓားသွားတစ်ခုက သူ့လည်ပင်းကိုချိန်ရွယ်လာသည်။ ခေါင်းကို ခပ်ဖြည်းဖြည်းလှည့်ကာကြည့်လိုက်တော့ သူ့ကိုယ်ရံတော်ဖြစ်နေခဲ့သည်။

"ပိုင်ယွင် မင်း... သစ္စာဖောက်"

"ကျွန်တော်က မင်းသားဟန်ရှင်းကိုသစ္စာဖောက်တာမဟုတ်ပါဘူး ကျွန်တော့်အရှင်အပေါ် သစ္စာရှိတာပါ စိတ်မကောင်းပါဘူး"

ကြိုတင်ဆွဲသားထားသော အစီအစဉ်တွေနှင့်ဆန့်ကျင်စွာ ဘာတွေဘယ်လို ကွာခြားပြီးပြောင်းလဲသွားတာလဲဆိုတာ သူမသိလိုက်ခင်မှာပင် ထက်ရှလွန်းသောဓားသွားကြောင့် သူ့လည်ပင်းမှနီနီရဲရဲသွေးတို့ ဒလဟောထွက်လာပြီး ပြူးကျယ်နေသောမျက်၀န်းအစုံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။

သူယုံကြည်အားကိုးခဲ့သော ကိုယ်ရံတော်ပိုင်ယွင်ကတော့ သူ့ကိုတစ်ချက်မျှပင် ပြန်လှည့်မကြည့်ဘဲ ရိပေါ်၏အနီးသို့လျှောက်သွားကာ ညာဘက်လက်က ဓားကိုဆုပ်ကိုင်ထားလျက်နှင့်ပင် ရင်ဘတ်ကိုထိကပ်ကာ ဦးညွှတ်လိုက်သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now