အခန်း ၇၅။ နွေဦးပွဲတော်၏နောက်ဆုံးရက်ကို နှစ်ဦးအတူဖြတ်သန်းခြင်း။

1.7K 191 6
                                    

အမှန်တစ်ကယ်တော့ ရိပေါ်စာဖတ်နေချိန်မှာ သူတစ်ကယ်ကြီးအိပ်ပျော်သွားခဲ့ပြီး အနားကိုလျှောက်လာသောခြေသံကြောင့်သာ နိုးသွားခဲ့တာဖြစ်သည်။

သို့သော်လည်း ရိပေါ်ဘာလုပ်မလဲသိချင်တာကြောင့် အိပ်မက်ယောင်နေဟန်ဖြင့် လက်ကိုပြန်ဖက်ထားလိုက်ခြင်းသာ။ အခုတော့ပါးနပ်လွန်းသော အမောင်ရိပေါ်ကြောင့် သူဟန်ဆောင်နေသမျှ ပေါ်သွားရလေပြီ။

"ဟန်ဆောင်နေတယ်ပေါ့လေ"

ရိပေါ်က ခပ်တိုးတိုးရယ်မောနေရင်းမှ ရှောင်းကျန့်၏ နှာခေါင်းထိပ်ဖျားလေးကို ဆတ်ခနဲဆွဲညှစ်သည်။ ထို့နောက် အခန်းတွင်းရှိ ဖယောင်းတိုင်မီးရောင်ကြောင့် ခပ်၀င်း၀င်းလေးဖြစ်နေသော ပါးပြင်တစ်ဖက်ကိုလည်း စိတ်မထိန်းနိုင်စွာ ဖျတ်ခနဲမွှေးကြူလိုက်ပြန်သည်။

ရှောင်းကျန့်ကတော့ အပျိုဖြန်းလေးတွေလို 'အို...သခင်လေးကလဲ ကဲလိုက်တာ'ဆိုကာ မူယာနွဲ့နှောင်း၊ ချစ်စရာကောင်းအောင် လုပ်ပြမနေပေမယ့် သဘောလဲကျသလို ရှက်လဲရှက်နေသည်ဆိုတာ အတန်ငယ်နီသွားသော နားရွက်ဖျားလေးများက သက်သေပြနေခဲ့သည်။

ရိပေါ်လည်း ပါးပြင်ကိုတစ်၀ကြီး နမ်းရှိုက်ပြီးကာမှ နားရွက်ဖျားနီနီလေးတွေကိုကြည့်ကာ ရယ်မိပြန်သည်။

သူ့ရဲ့မက်မွန်ပန်းလေးဟာ ဘယ်ဘ၀ရောက်ရောက် နှစ်ဦးသား ဘယ်လောက်ပင်အနေနီးပါစေ သူစနောက်တိုင်း အရှက်သည်းနေဆဲပင်။

ရှောင်းကျန့်ကတော့ ရယ်မောနေသောရိပေါ်ကို မျက်စောင်းကြီးခဲကာ မကျေနပ်ဟန်ဖြင့်ပြန်ကြည့်မိစဉ်မှာပဲ နှုတ်ခမ်းတစ်စုံကို သိမ်းပိုက်ခြင်းခံလိုက်ရသည်။

အချိန်ကြာမြင့်စွာ လွမ်းဆွတ်နေခဲ့ရသူနှင့် ပြန်လည်ဆုံတွေ့နိုင်ခဲ့ပြီဟူသောအသိက ထပ်မံ၀င်ရောက်လာတော့ ပီတိဖြစ်ကာမျက်ရည်တွေစီးကျလာရပြန်သည်။

ရိပေါ်ကတော့ နမ်းရှိုက်နေရင်းမှ စိုစွတ်စွတ်အထိအတွေ့ကြောင့် မျက်နှာနှစ်ခုကိုပြန်လည်ကွာဟရင်း စိုးရိမ်ဟန်ဖြင့်ကြည့်လိုက်တော့ ရှောင်းကျန့်က မျက်လုံးမှိတ်ထားရင်းမှ မျက်ရည်တွေကျနေသည်ဆိုတာ သိလိုက်ရသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now