1- Listen to my heartbeat ( U )

3.8K 148 2
                                    



Dating သတင်းကိုဖွပေးလိုက်တဲ့ Ai'Bright နဲ့ Ai'Toota ကိုကျေးဇူးပဲတင်ရမလား မေတ္တာပဲပို့ရမလား မသိတော့ဘူး ။ Hazing System ပီးတဲ့နောက်ပိုင်း ရင်းနှီးလာတဲ့ Junior တွေရှေ့မှာ စကားပြောရတာတောင် မျက်နှာပူနေပီ ။

Kong နဲ့ ကျွန်တော်နဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပီး Official ဖြစ်တာ တပတ်ကြာပီဆိုပေမယ့် ဖွင့်ပြောပီးနောက်နေ့မနက်ကျတော့ Kong သူ့အိမ်ကိုပြန်သွားတာနဲ့ ခုထိ ကိုယ်နဲ့မတွေ့ရသေးဘူးလေ

" သနားစရာ Arthit ကြည့်ပါဦး သူကပဲ ငါတို့ထက် အရင် rs ချိတ်သွားသေး ပျော်နေရမယ့်အစား မျက်နှာက နွေရာသီက ရွက်ခြောက်လို နွမ်းလို့ "

Bright စကားကြောင့် ထမင်းစားနေရာကနေ မျက်မှောင်ကျုံ့ကြည့်လိုက်တော့ Bright က Toota ကိုယ်နဲ့ကွယ်ပီး ကြောက်ပါရဲ့ ဆိုတဲ့အထာနဲ့ လက်နှစ်ဖက်မြှောက်ပြနေတယ် ။ ဒီသူငယ်ချင်းတကောင်နဲ့တော့ မျောက်တကောင်ရထားသလိုဘဲ ....

" Kongpop နဲ့ အဆက်အသွယ်မရဘူးလား "

Knot က ထမင်းစားနေရင်းနဲ့မှမေးလာတော့ သူလည်းထမင်းပန်းကန်က အကြည့်မခွာဘဲနဲ့

"ရပါတယ် ညတိုင်း ဖုန်းပြောနေတာပဲဟာကို "

" မင်းမျက်နှာက ညိုးနေတော့ ငါတို့ကစိတ်ပူလို့ပါကွာ "

" မင်းတို့စိတ်ပူပေးတာနဲ့တင် ငါဝမ်းသာနေပါဘီ Knot "

အဲ့လောက်တောင် သိသာနေတာလား ? Kong ကို သူလွမ်းနေမိတာတော့မဟုတ်လောက်ပါဘူး .. 

" ဘယ်တော့ပြန်ရောက်မယ်တဲ့လဲ "

" မသိဘူး Ai'Prem အဲ့ဒါတော့မပြောဖြစ်ကြဘူး "

သူများအကြောင်းတွေဆိုသိပ်မမေးတတ်တဲ့ Prem ကတောင်မေးလာလို့ သူခေါင်းခါရင်းပြောနေရာကနေ Bright က ပြုံးစိစိနဲ့

" Ohhh အဲ့ဒါမပြောဖြစ်ရင် မင်းတို့ညတိုင်းဘာပြောကြလဲ ? မင်းတို့ညစ်ညစ်ပတ်ပတ်အကြောင်း ....Ahhhh Prem ဘာလို့ ငါ့ခေါင်းကိုရိုက်တာလဲ "

" ငါရိုက်တာက Arthit ရိုက်တာထက်စာရင် သက်
သာသေးတယ် မင်း Arthit ရိုက်တာ ခံချင်လို့လား "

" မင်းရိုက်တာတောင်သေအောင်နာနေတာ Arthit ဆိုရင်တော့ တော်ပါဘီ ကျေးဇူးဘာ "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now