2 - Kong VS Arthit ( U )

1.7K 113 1
                                    



" P'Arthit ! P'Arthit ? အထဲမှာရှိလား P' "

မနက်၈နာရီထဲက ဖုန်းဆက်နှိုးလည်းမကိုင်
Message လည်းပြန်မပို့လို့ စိတ်ပူနေမိတယ်။ ညက
များ P' အပြင်များထွက်အိပ်သလား ? နေများမကောင်းလို့ ဖုန်းမကိုင်နိုင်တာလား ?

တံခါးကို အဆက်မပြတ်ထုနေတဲ့ သူ့ကို တခြားအခန်းတွေကတောင် ထွက်ကြည့်နေကြပီ။တံခါးကိုအသာလေးဟကာ လှမ်းချောင်းလာတဲ့ P'Arthit က

" Oiii Kongpop ဘယ်လိုဖြစ်လို့ တဒုန်းဒုန်းထုနေတာလဲ ? အဆောင်ပိုင်ရှင်တော့ ငါ့ကို အော်တော့မယ်။ အတန်းသွားမတက်ဖူးလား "

"P' ! ဖုန်းဆက်တော့လည်းမကိုင်ဘူး Message လည်းမပြန်တာနဲ့ P' တခုခုများဖြစ်သလားလို့ ... P' အတန်းချိန်က ၁၁နာရီမလား ? "

" ဟုတ်တယ်လေ အခု ဘယ်နှနာရီလဲ ?"

" ၉နာရီခွဲ .. ကျွန်တော့်ကို အထဲပေးမဝင်တော့ဘူးလား ?"

"Shiaaa ဟုတ်သားဘဲ ! မဝင်ခင်ကြိုမှာထားမယ်
နော် ညကစာကျက်ဖို့ စာအုပ်ရှာထားလို့ ငါ့အခန်းကနည်းနည်းရှုပ်နေတယ်။ လုံးဝရယ်ဖို့ စိတ်မကူးနဲ့ "

" Krap "

စာရွက်တွေရှုပ်ပွနေတဲ့ P'Arthit အခန်းထဲကို ဝင်
လာတာနဲ့ ညက P' ဘယ်လောက်တောင် စာတွေကြိုးစားထားလဲ သိသာတယ် ။ ဒါကြောင့် မနက်က ဖုန်းသံတောင်မကြားတော့တဲ့အထိ အိပ်ပျော်နေတာကိုး ။ ဝယ်လာတဲ့မနက်စာတွေကို စားပွဲပေါ်လှမ်းတင်ရင်းနဲ့ ပြန့်ကျဲနေတဲ့စာရွက်တွေလိုက်ကောက်လိုက်တယ် ။

" P' ကျွန်တော်မနက်စာဝယ်လာတယ် တူတူစားမယ်နော် အခုရေအရင်ချိုးလိုက်ဦး ကျွန်တော်အခန်းရှင်းပေးထားမယ် "

စာရွက်လိုက်ကောက်နေတဲ့သူ့မျက်နှာကို P'Arthit က ခေါင်းကုတ်ရင်း သေချာအကဲခတ်လိုက်ကြည့်နေတာကို သိပေမယ့်လည်း မသိချင်ယောင်ဆောင်ကာ အခန်းဆက်ရှင်းနေလိုက်တယ် ။ P' ပါးလေးတွေက အိပ်ရာထကာစမို့လို့လားမသိ အရင်ထက်ဖောင်းနေသလိုလို ...

" မလုပ်နဲ့ Kongpop ထားထားလိုက် ငါပြန်လာမှရှင်းမယ် ။ အတန်းသွားမတက်ရဘူးလား မင်းက ? "

" ဒီနေ့က နေ့လည်အချိန်တချိန်ပဲရှိတယ် P' "

" မင်း Time Table ငါ့ကို Copy ပေးထားဦး။ နောက်
ဆို ဒီလောက်မနက်အစောကြီးထပီး မနက်စာနောက် ကျမှမစားနဲ့"

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now