43 - Pussy Cat ~ Pussy Cat

786 49 3
                                    

မနက်ဖြန်ဆို နောက်ဆုံးစာမေးပွဲကပြီးတော့မယ် ။ ဒီတခေါက်စာမေးပွဲပြီးတာနဲ့ သူ ဒီတက္ကသိုလ်ကြီးကို အပြီးအပိုင်နှုတ်ဆက်ပြီး အလုပ်ခွင်ထဲကိုခြေစုံပစ်ဝင်ရတော့မယ်။

ကျောင်းတက်လာခဲ့ရတဲ့ ၄နှစ်လုံးလုံး သူမပျော်ခဲ့ဘူးဆိုတာမရှိ ။ ပထမနှစ်ကလည်း စီနီယာတွေကြမ်းလို့ စိတ်ညစ်ခဲ့ရပေမယ့် သူ့ဘဝအတွက် အရမ်း
အရေးပါတဲ့သူငယ်ချင်းတွေရှိလာခဲ့တယ် ။ ဒုတိယနှစ်ကလည်း သူ့ကို စီနီယာတွေအရမ်းဂရုစိုက်ချစ်ပေးတာရော ၊ ကျောင်းမှာနေရတာ ပျော်လာတာကြောင့်ပါ နေပျော်ခဲ့တယ် ။

တတိယနှစ်မှာ Head Hazer တာဝန်ကိုလွှဲပြောင်းယူခဲ့ရတဲ့အပြင်သူ့ဘဝထဲကို Kong စပြီး ဝင်ရောက်လာခဲ့တဲ့နှစ်ဖြစ်လို့ ဘဝ တဆစ်ချိုးပြောင်းလဲခဲ့တယ် ။ ခုနောက်ဆုံးနှစ်ထိလည်း ဘေးနားမှာ Kong က သူ့လက်ကိုတွဲထားပေးနေဆဲမို့ သူငယ်ချင်းတွေနဲ့ ဒီတက္ကသိုလ်ကြီးကို ပိုလို့တောင် မခွဲချင်သေး ...။

နယ်မြေသစ်ထဲကို ခြေတလှမ်းစဝင်လိုက်တာနဲ့ အရာအားလုံးကိုအသစ်ပြန်စပြီး စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ရမယ်ဆိုတာ သူကြိုတွေးပြီးသား ။

Kong အိမ်က သူတို့နှစ်ယောက်အကြောင်းကို အသာတကြည်လက်ခံပေမယ့် သူ့အိမ်ကရော လက်ခံပေးဖို့လွယ်ကူပါ့မလား ?

Kong ကသာ ရဲရဲဝံ့ဝံ့နဲ့ သူနဲ့တွဲတည်းက ဖွင့်ပြောခဲ့တာ.. သူ့မှာဖြင့် Pa' နဲ့ Ma' ကို လုံးဝအသိမပေးရသေးဘူး ။ သူ့သူငယ်ချင်းတွေရော Kong သူငယ်ချင်းတွေအပြင် သူတို့နှစ်ယောက်အကြောင်းကို တကျောင်းလုံးသိတာမို့ ကျောင်းမှာတော့ စနောက်ခံရမယ့်ပြဿနာက မရှိခဲ့။

အားလုံးက လူငယ်တွေကြီးပဲမို့ ဝေဖန်တာတွေမရှိတာရော သူတို့နှစ်ယောက်လုံးကို တကျောင်းလုံးက ချစ်ကြောက်ရိုသေကြတာမို့ ဒီကိစ္စတွေက ၂နှစ်တာလုံးလုံး ဘာပြသနာမှမရှိခဲ့ဘူး။

ဒီစာမေးပွဲပြီးရင် သူ ဒီအဆောင်ကလည်း ထွက်သွားရတော့မယ် ။အရင်လို အရှေ့ထွက်ကြည့်တိုင်း မြင်ချင်တဲ့မျက်နှာလေးကို အမြဲတမ်းမြင်ရမှာမဟုတ်တော့ဘူး ။ အရင်လို ဟိုဘက်နဲ့ဒီဘက်ဝရံတာမှာရပ်ရင်း တယောက်မျက်နှာ တယောက်ကြည့်ပြီး ဖုန်းမပြောနိုင်တော့ဘူး ။

You are the Only One ( SOTUS Fanfiction ) - Unicodeحيث تعيش القصص. اكتشف الآن