42 - Baby Arthit

779 47 2
                                    

သူ ဒီကိစ္စကိုတောင်းဆိုလိုက်တည်းက ထူးဆန်းတယ်လို့ထင်ကြတယ်မလား ?

တကယ်တော့ ငါက မင်းထက်အသက်ကြီးတယ်ဆိုတဲ့အချက်လေးနဲ့ အရာရာကို တာဝန်ယူပြီး ရှေ့ကဦးဆောင်ပေးနေတဲ့ P' ကို သူ သနားမိတယ်။
ဖြစ်နိုင်ရင် P' နဲ့သူ့ကြားက အသက်၂နှစ်လောက်လေး ကွာတဲ့ကွာခြားမှုကိုတောင် ဖယ်ပစ်လိုက်ချင်တယ် ။

ဒါ့ကြောင့်လည်း အမြဲတမ်း အသက်ကြီးတာနဲ့ပဲကိုင်ပေါက်နေတဲ့ P' ကို သူနိုင်တဲ့ဆုအဖြစ်နဲ့ ဒီနေ့တရက်လေးတော့ ကလေးလေးတယောက်လို နေပေးဖို့တောင်းဆိုဖြစ်တာ ။

Hehe .. ဖြစ်သွားတဲ့ P' မျက်နှာလေးက တကယ်အသည်းယားစရာ။

" ဒါဆိုလာ ... Baby လေးက မျက်နှာသစ်သွားတိုက်ရမယ် "

ကုတင်ပေါ်ကနေဆင်းရင်း လက်နှစ်ဖက်ဆန့်ပေးရင်းနဲ့ ခေါ်လိုက်တော့ P' က အိပ်ရာပေါ်ကနေ ဆူပုတ်နေတဲ့မျက်နှာနဲ့ မျက်မှောင်ကြုတ်ပီး ခါးထောက်ရင်း

" နေစမ်းပါဦး ... ငါက ခြေတွေလက်တွေမပါလို့လား ? ပြီးတော့လာသေး ..
ဘာ Baby လေး လဲ !!!? "

" P' ကလည်း ဒီနေ့ကလေးလေးပါဆိုမှ ဒီလိုဆူနေမှရမှာလား ? ဒီနေ့ကျွန်တော့် စကားနားထောင်ပေးမယ်ဆို "

" ... "

ငြိမ်ကျသွားတော့မှ P' ရဲ့လက်တဖက်ကိုဆွဲရင်းနဲ့

" ဒီနေ့ Daddy က Baby လေးရဲ့ကိစ္စအကုန်လုံးကိုလိုက်လုပ်ပေးမယ် "

" တော်တော် Daddy ဖြစ်ချင်နေတယ်ဟုတ်လား ? "

" ဖြစ်ချင်တာပေါ့ .. ကျွန်တော်ပြောဖူးသားပဲဟာ .. ဒါ့ကြောင့် P'Arthit နဲ့တူတဲ့ သားလေးရလာရင် ထိန်းလို့ရအောင် ကြိုကျင့်နေတာ "

" ရူးနေတယ် !! "

P' က ပြောပြီးတာနဲ့ရေချိုးခန်းထဲတန်းဝင်သွားတော့ သူပါလိုက်ဝင်ရင်း

" ဒါ Baby လေးပြောရမယ့်စကားမှမဟုတ်တာ။ Baby လေး PaPa က အဲ့လိုပဲသင်ထားလား ? "

" မနိုင်တော့ဘူး Kongpop ရေ သဘော သဘော "

P' ဆီက နောက်ဆုံးခွင့်ပြုချက်ရမှ နောက်ကဖက်ထားရင်းနဲ့ သူရယ်လိုက်တယ် ။ မျက်နှာသစ်ဆပ်ပြာကို P' ပါးပေါ်တင်ပေးပြီး ပွတ်ပေးနေတော့ မျက်စိထဲဝင်မှာဆိုးလို့ထင်ရဲ့။ မျက်စိကိုမှိတ်ပြီး

You are the Only One ( SOTUS Fanfiction ) - UnicodeTahanan ng mga kuwento. Tumuklas ngayon