29 - Knight of Bright

871 62 0
                                    

Before Dating

အခန်းထဲမှာ တီဗီရဲ့အလင်းရောင်ကလွဲလို့အကုန်အမှောင်အတိ ..

၂ ယောက်တည်းဆိုတဲ့အသိနဲ့တင်ရင်တွေက တအုန်းအုန်းခုန်နေပေမယ့် ဘေးနားက P'Bright မသိအောင် သူ့မှာ အသက်ကို မနည်းထိန်းရှူနေရတယ် ။ အစောကြီးထဲက P'Bright သာ တွဲဖို့မေးလာခဲ့ရင် ဖြေဖို့အဆင်သင့်ဖြစ်နေပြီပဲလို့ ကိုယ့်ကိုကိုယ်ထင်နေခဲ့တာ ။

ဒါပေမယ့် ဒီနေ့ည P'Bright သူ့အိမ်လာပြီး ရုပ်ရှင်ကြည့်ရင်း မေးလာမှာဆိုတာ သိသိကြီးနဲ့တောင် စိတ်တွေဂဏာမငြိမ်ဖြစ်နေတယ် ။ ဘေးနားက P'Bright ကလည်း ချောင်းတွေတဟွတ်ဟွတ်ထဆိုးလိုက် သူ့ကိုခိုးကြည့်လိုက်နဲ့ ရုပ်ရှင်စဖွင့်တည်းက စကားတခွန်းမှ မပြောသေး ။

တခု စိတ်ချမ်းသာစရာက P'Bright နဲ့သိပြီးတည်းက ခဏခဏလာကြိုလိုက် လိုက်ပို့လိုက် လုပ်ပေးတတ်လွန်းလို့ အိမ်က Mae နဲ့က အမျိုးတွေအတိုင်းကို ခင်သွားကြတာပဲ။ တခါတလေ သူ့တောင် စကားဝိုင်းထဲက ပယ်,ပယ် ထားကြတာ ။ အားကြီးစိတ်ဆိုးတယ် တကယ် ...

" သား Bright လေးက သိပ်စကားတတ်တာပဲ။ စိတ်ထားလေးလည်းကောင်းတယ် ။ ရုပ်လေးကလည်း ချောတယ် ။"

"Rome .. Mae က အပိုပြောတာမဟုတ်ဘူး ။ Rome သာ မိန်းကလေးဖြစ်ကြည့် သား Bright ကို Mae သားမက်အဖြစ် အမိဖမ်းခိုင်းမှာ "

သားအဖြစ်နဲ့လည်း အမိဖမ်းပေးနိုင်ပါတယ်ဆိုတာကို ဒီ မလည်အူကြောင်လုပ်နေတဲ့ P'Bright ကြီးကို မိမှ Mae ကို ပြောပြရမယ် ဟွန့် !

အိမ်မှာ ချီးမွမ်းခံရလွန်းလို့ တခဏအတွင်းမှာတောင် အိမ်ကို တံခါးမရှိ ဓားမရှိအလား သူ့အိမ်လိုတောင် ဝင်ထွက်နိုင်သေးတာ။ ဘာလို့ သူနဲ့တွဲဖို့ကို ခုထိမမေးနိုင်ရသေးတာလဲ !

" အဟွတ်.. ဟွတ်.. အဟမ်း "

P'Bright လည်ချောင်းရှင်းသံကြီးကြောင့် စဉ်းစားနေတာတွေပါပျက်သွားရုံမက လန့်လို့ တုန်တောင်တုန်သွားမိသေး ။

" အဟွတ်......."

" တော်လောက်ပြီ P'Bright ! နို့မို့ဆို ကျွန်တော် P' ဆီက ကူးကုန်မှာဆိုးလို့ စကားမပြောခိုင်းဘဲ Mask ကြီးတပ်ခိုင်းထားမိလိမ့်မယ် "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now