41 - Agreement is Agreement

788 50 2
                                    

A/N : Ghost Dorm ရဲ့အဆက်နော် !!

သရဲခြောက်တဲ့အဆောင်ကိုဝင်ကြတာ ဂျူနီယာတွေနိုင်ခဲ့ပြီး စီနီယာတွေကရှုံးကြတာနဲ့ P'Knott က Tew သွားချင်တဲ့နေရာကို ၅ခါတိတိမငြင်းဘဲ လိုက်ပို့ပေးရမယ့်ကတိကို ပေးလိုက်ရတယ် ။

" ကလေးကိုမှ ချစ်မိတော့လည်း အလိုလိုက်ရမှာပေါ့ ဘယ်တတ်နိုင်မလဲ ? "

P'Knott က ရယ်နေကြအတိုင်း ခပ်တိုးတိုးလေးနဲ့ ညည်းနေပေမယ့်လည်း ထမင်းစားတဝိုင်းလုံးမှာ တူတူထိုင်နေကြတဲ့သူတို့အဖို့ကတော့ အသံအကျယ်ကြီးလိုလို ။

" P'Tew .. P' သွားချင်တဲ့ခရီးတိုင်း P'Knott က လိုက်ပို့နေကြပဲဟာကို မထူးဆန်းပါဘူး "

Rome က စိတ်ပျက်လက်ပျက်ပုံစံနဲ့ သူပဲ Tew နေရာကဝင်ပြီးညည်းပေးနေတော့ Tew က မျက်လုံးတွေမှိတ်သွားတဲ့အထိရယ်ရင်း

" ဒီတခေါက်တော့ နီးနီးနားနားဘယ်ဟုတ်မလဲ ? ကမ္ဘာတပတ်ပတ်ပစ်လိုက်မှာပေါ့ "

လက်ညိုးတချောင်းထောင်ပြီး ပတ်ပြနေတဲ့ပုံစံလုပ်နေတဲ့ Tew ခေါင်းကိုပုတ်ရင်း P'Knott က သဘောတကျနဲ့ပြုံးနေတယ် ။

" ဒါဆို Rome က P'Bright ကို ဘာ ဆုတောင်းလိုက်လဲမသိချင်ကြဘူးလား ?"

လက်နှစ်ဖက်ကိုတဗြောင်းဗြောင်းရိုက်ရင်း အားရဝမ်းသာနဲ့ပြောချင်နေတဲ့ Rome ပါးစပ်ကို P'Bright က ဆူရှီနဲ့လှမ်းပိတ်ပေမယ့်လည်း မမှီတော့..

" Rome ~ "

"P'Bright တို့စိုက်ခင်းကိုပြန်ခိုင်းပြီး တနေကုန် Rome နဲ့အတူပန်းခြံထဲမှာဆင်းကူရမယ်လို့ ... "

" Yoohoo !! "

Rome စကားမဆုံးသေးဘူး P'Arthit တို့တဖွဲ့လုံးက ဝိုင်းအော်ကြတော့ ဘေးနားကစားပွဲဝိုင်းတွေကတောင် လှမ်းကြည့်လာတယ် ။ သူလည်း သိချင်ဇောနဲ့မေးမလို့ အလုပ် P'Arthit က လက်မထောင်ရင်း

" တော်တယ် Rome :) အဲ့ကောင်က သူ့ခြံထဲပြန်ရောက်ရင် ခြေထောက်မှာ ဘွက်တောင်အပေခံတာမဟုတ်ဘူး ။ အကြံသိပ်ကောင်းတယ် ... "

စီနီယာတွေက သဘောကျထောက်ခံတော့ နဂိုတည်းကတက်ကြွနေတဲ့ Rome မျက်နှာလေးက ပိုဝင်းလာသလောက် ဘေးကနေဆူရှီတွေကို တူနဲ့လိုက်ထိုးနေတဲ့ P'Bright မျက်နှာကြီးက ပိုမဲသွားသလိုလို ။

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now