P'Arthit စတုတ္ထနှစ်ရောက်လာတော့ စာတွေများလာတဲ့အပြင် အလုပ်သင်ကိစ္စအတွက်နဲ့ တစ်ပတ်နယ်သွားလိုက် ပြန်လာလိုက် ပြန်လာတော့လည်း Project တွေနဲ့ရှုပ်လိုက်ဖြစ်နေရှာတယ်။ P' ကိုကြည့်ပီး ကျွန်တော်ကပိုပင်ပန်းသလိုတောင် ခံစားရတယ်။
P' က ပြန်လာတိုင်း ကျွန်တော့်ကျန်းမာရေးကိုလည်းဂရုစိုက်လိုက် အစားအသောက်မှန်ဖို့ဂရုစိုက်ပေးလိုက်နဲ့ဆိုတော့ သူ စတုတ္ထနှစ်ရောက်လာမှ ကျွန်
တော်ဆွဲနေကျ P'ရဲ့ပါးဖောင်းဖောင်းလေးတွေလည်း မရှိတော့လောက်တအာင် P' ဝိတ်ကျသွားလိုက်တာဆိုတာ .. ။တယောက်နဲ့တယောက် အရင်လို အချိန်ပြည့်မတွေ့နိုင်တော့ P' ပြန်လာတိုင်း ကျွန်တော့့်အခန်းမှာပဲအိပ်
ရင်း နှစ်ယောက်တည်းအချိန်တွေကုန်ဖြစ်ကြတာ များလာတယ်။"Kong ? TV ကြည့်နေပြန်ပြီလား ? P' စာရွက်ပျောက်
နေတာကူရှာပေးဦး ""Kong ! P' အခန်းက ကာတွန်းစာအုပ်လေးသွားယူပေးစမ်းပါ "
"Kong ~ ရေခဲသေတ္တာထဲက P' အအေးရော ? "
"Kongpop !! ... သွားပွတ်တံတွေကို အဲ့လိုမဆော့နဲ့လို့ပြောထားတယ်မလား ?"
P' ရောက်လာတဲ့ရက်တိုင်း ကျွန်တော့်အခန်းလေးက ဒီလိုအသက်ဝင်နေကြ။ နယ်သွားလို့ P'အသံမကြားရတဲ့ရက်တွေဆို ကျွန်တော် ခုထက်ထိ ကျင့်သားမရ
သေးဘူး။" ဒီအင်္ကျီ P' ယူသွားမယ်နော် ..နော်လို့ "
အဝတ်ခြင်းထဲထည့်ထားတဲ့ ကျွန်တော့်တီရှပ်တထည်ကိုကောက်ကိုင်ရင်း ခွင့်တောင်းနေတော့
"ကျွန်တော့်အင်္ကျီက လျှော်မှမလျှော်ရသေးတာ P' ရဲ့"
"ရတယ် .. ဒီတပတ် အဲ့ဟာပဲယူသွားတော့မယ် "
"ဘာလို့ ကျွန်တော့်အင်္ကျီတွေ သယ်သယ်သွားတာလဲ ? လွမ်းရင်ကြည့်လို့ရအောင်လား "
"မဟုတ်ပါဘူး !!! "
" ... "
"ဒီအတိုင်း ပိုပိုလိုလိုသယ်သွားတာ "
ထုံးစံအတိုင်း P'က ကျွန်တော့်ပုခုံးကိုလှမ်းတွန်းရင်း ရေချိုးခန်းထဲက ပစ္စည်းတွေယူပီးပြန်ထွက်လာတယ် ။
YOU ARE READING
You are the Only One ( SOTUS Fanfiction ) - Unicode
FanfictionCompleted / Start Date : May 15, 2020 (Unicode Ver.) ပြန်ဖတ်ဖို့ ယူနီကုတ်နဲ့တင်ပေးပါလို့ ပူဆာနေတဲ့သူတွေအတွက်ပါ 🙏🏽 အရင်တုန်းက အချစ်တွေနဲ့ပဲ Only One လေးကို ပြန်ဖတ်ရင်း SOTUS Team ကြီးကို ပြန်လွမ်းကြတာပေါ့။