37 - Wet

759 52 2
                                    

" P' Arthit ? "

" !!!! "

မွှေပြီမွှေပြီ ... အိပ်ကောင်းခြင်းမအိပ်ရတာက Kongpop နဲ့စတွဲကတည်းက ! ဒီလိုလာလာနှိုးတတ်လို့ မနက်စောစောထရတဲ့ရက်ကလည်း ရှိသလို ညဘက်ဆိုလည်း အိပ်ကောင်းခြင်းမအိပ်ရတာကရှိသေး :/

" ဘာလဲ ? "

တဒေါက်ဒေါက်မြည်နေတဲ့တံခါးကို ဖွင့်လိုက်တော့မှ တော်တော်သန်ပြန့်နေတဲ့ Kongpop က Hawaiian Shirt နဲ့ :/ ဒါက ဘယ်ကို ကြွမြန်းဦးမလို့လဲမသိ .. ?

" P' ခုမှနိုးတာလား ? ခဏနေရင် P'Bright တို့က ရောက်လာတော့မယ် ညတည်းက ကျွန်တော့်ကို ဒီမှာပေးအိပ်လိုက် ပြီးရော .. တူတူနိုးမယ့်ဟာကို "

မနက်စောစောထရလို့ သိပ်အလုပ်မလုပ်သေးတဲ့ခေါင်းနဲ့က Kong စကားတွေကိုလိုက်မမှီ ! ဆံပင်တွေကို စိတ်ပျက်လက်ပျက်ဆွဲဆောင့်ရင်း မပွင့်ချင်သေးတဲ့မျက်လုံးကိုပွတ်နေပြီးမှ

" ဘာလဲ ? ဘာလဲ ? အဲ့ Bright တို့က ဘာလာရှုပ်ဦးမလို့လဲ ? "

" ဒီနေ့ လမ်းလျှောက်မယ်လို့ပြောထားတယ်လေ။ လမ်းလျှောက်သြင်္ကန်လည်ကြမယ်လို့ P'Bright ပြောတာကို P' ပဲ Beer Bar တုန်းက ခေါင်းညိတ်ခဲ့ပြီးတော့ "

အခန်းထဲဝင်လာတဲ့ Kong ရှေ့မှာ ဟန်တောင်မဆောင်နိုင်တော့ဘဲ တီကောင်ဆားပက်သလို ခန္ဓာကိုယ်ကိုတွန့်လိမ်ရင်း တံခါးဝနားမှာ ခြေဆင်းထိုင်ချလိုက်တယ် ။ တကယ်ကြီး အဲ့လိုပြောထားတာလား !? သွားပါပြီ ငါ့အသားအရေလေး :(

အိမ်တွင်းအောင်းပြီးနှပ်မယ်ကြံထားသမျှ သဲထဲရေသွန်သလိုဖြစ်ကုန်ပြီ ! အဲ့ဒါ ဘယ်သူ့ကြောင့့်လဲ ? ဘယ်သူ့ကြောင့်လဲ ?

" P' ဘာဖြစ်လို့လဲ ? "

စိုးရိမ်တကြီးနဲ့အနားထိုင်ချလာတဲ့ Kong ကို သူ မျက်စောင်းခဲကြည့်လိုက်တယ် ။ တရားခံတွေ့ပြီ !

" နေစမ်းပါဦး မင်း အဲ့လောက်အရောင်တောက်တောက် ဒီဇိုင်းဆန်းဆန်းတွေ ဘယ်တုန်းက ဝတ်ဖူးလို့လဲ ? အော် ... အပြင်ထွက်ရင်း စော်မကြည်ကြည်အောင်လုပ်မယ်ပေါ့ ဟုတ်လား ? "

ပါးစပ်ကပြောရုံတင် အားမရဘဲ Kong အင်္ကျီကိုပါဆောင့်ဆွဲရင်းပြောဖြစ်နေတာမို့ Kong က သူ့လက်တွေကိုချုပ်ရင်း

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now