" Pa' လိုက်ခဲ့ပေးရမလား ? "
" Pa' ! သား ကို ကျောင်းထဲအထိ လိုက်ပို့ရအောင် မူကြိုကလေးလည်း မဟုတ်ဘူး ! ဒီမှာပဲစောင့်ပေး "
ကားတံခါးကို ဝုန်းကနဲဆောင့်ပိတ်ရင်း ဆူဆောင့်ပြီး ဆင်းလာတော့ Pa' က ကားထဲက လှမ်းရယ်နေတယ် ။
" ဒါဆို ကားထဲကပဲစောင့်နေမယ်နော်။ မြန်မြန်ထုတ်ပြီးမြန်မြန်ပြန်လာခဲ့နော် Oon "
Pa' က ကားတံခါးပေါက်ကနေ ခေါင်းထုတ်ပြီးလှမ်းအော်နေတာမို့ သူရှက်တာနဲ့ပဲ ကျောင်းဆောင်ထဲပြေးဝင်လာလိုက်တယ် ။ ဒါ ဒီတက္ကသိုလ်ထဲ သူ ပြန်ခြေချတာပထမဦးဆုံးအကြိမ်ပဲ ... ခုဆိုကျောင်းပိတ်ထားတာ ၂လ ရှိပြီဆိုတော့ Kong နဲ့ သူ့ကိစ္စပြီးသွားတာလည်း ၂လရှိပြီဆိုပါတော့ :')
ဘွဲ့က နောက်တလဆိုယူရပြီ .. ဒါပေမယ့် သူအရင်က မှန်းထားသလို သူ့ဘေးမှာ အပြုံးချိုချိူတွေနဲ့ရယ်ရင်း အနားမှာရစ်ဝဲနေမယ့် ကောင်လေးတော့ မပါလောက်တော့ဘူး။
ခုထိအဆက်အသွယ်ပြန်မလုပ်လို့ဆိုပြီး စိတ်ဆိုးနေမယ့် သူငယ်ချင်းတွေကို
ဘွဲ့ယူမယ့်နေ့ကျမှ တောင်းပန်ဖို့လုပ်ထားတာမို့ အဲ့နေ့တော့ ဘွဲ့ဝတ်စုံကြီး ကားယားကားယားနဲ့ လိုက်ချော့နေရမယ့်သူ့ပုံစံကြီးကိုမြင်ယောင်မိသေး :)- ခုတလော ငါအရမ်းအလုပ်ရှုပ်နေတယ် .. မင်းတို့နဲ့ဘွဲ့ယူမှပဲဆုံကြမယ်ကွာ ..နော် ( 6: 00 PM ) -
ဒီစာလေးပဲပို့ပြီး သူ လေးယောက်လုံးကို အဆက်အသွယ်မလုပ်ပဲနေခဲ့တော့ အထုခံရမှာလည်းမြင်ယောင်သေး ။ပြသနာတွေဖြစ်နေတဲ့အချိန်မှာ သူငယ်ချင်းတွေကိုပါ စိတ်မညစ်စေချင်တာရယ် ပြီးတော့ သူနဲ့ Kong ကိုပြန်ညှိပေးမှာဆိုးလို့ ရှောင်နေခဲ့တာရယ်လည်းပါတာပေါ့ ။
- P'Arthit :( Rome ဖုန်းတောင်မကိုင်တော့ဘူးလား T_T Emma ကိုမေးပြီးအိမ်လိုက်လာမှာနော်(3:40PM) -
Rome ရဲ့ msg လေးဝင်လာတုန်းကလည်း သူပြုံးမိပေမယ့် Emma ဆီ လှမ်းဆက်ပြီး Rome ကို သူူလာတွေ့မယ်ဆိုတဲ့အကြောင်းလည်းပြောခိုင်းလိုက်ရသေးတယ်။
အမှန်က Kong ရဲ့ msg တွေကို reply မပြန်နိုင်မယ့်အတူတူ သူ ဘယ်သူ့ကိုမှ reply ပြန်မလုပ်ချင်လို့ .....
KAMU SEDANG MEMBACA
You are the Only One ( SOTUS Fanfiction ) - Unicode
Fiksi PenggemarCompleted / Start Date : May 15, 2020 (Unicode Ver.) ပြန်ဖတ်ဖို့ ယူနီကုတ်နဲ့တင်ပေးပါလို့ ပူဆာနေတဲ့သူတွေအတွက်ပါ 🙏🏽 အရင်တုန်းက အချစ်တွေနဲ့ပဲ Only One လေးကို ပြန်ဖတ်ရင်း SOTUS Team ကြီးကို ပြန်လွမ်းကြတာပေါ့။