16 - You are too Mean

924 79 4
                                    

- Oon ~ ငါတို့ ဒီနေ့တွေ့ပြီးတိုင်ပင်ရမယ်နဲ့တူတယ် အရေးကြီးတယ်( 4:45 PM )

Interview ဖြေပြီးလို့ အဆောင်အောက်က ကန်တင်းမှာ Kong အတွက် ဆန်ပြုတ်ဝယ်ဖို့လုပ်နေတုန်း Namtarn ဆီက Line msg ကိုမြင်တော့ ဆိုင်ထဲကအမြန်ပြန်ထွက်လိုက်ရတယ်။

Namtarn နဲ့သွားတွေ့လို့နောက်ကျရင် Kong များ ဗိုက်ဆာနေမလား ?

သူ့အခန်းရှိတဲ့အပေါ်ကိုမော့ကြည့်ပြီးတွေးရင်း Namtarn ဆီခဏသွားဖို့ဆုံးဖြတ်လိုက်တယ်။ အရေးကြီးတယ်ဆိုတော့လည်း သူမကူညီပဲ မနေနိုင်ဘူးလေ ..

- ငါ နင်တို့အိမ်နားလာခဲ့မယ် (4:55 PM)

- မလာနဲ့ Oon ငါနင်တို့အဆောင်နားကကစားကွင်းမှာ စောင့်နေမယ် ( 4:57 PM )

သူ ကစားကွင်းကို ရောက်တဲ့အချိန် Namtarn က ကြိုတောင်ရောက်နေပီ။မျက်နှာမကောင်းတဲ့ Namtarn ကြောင့် ဘေးမှာ ဝင်ထိုင်ရင်း ဝယ်လာတဲ့ Strawberry MilkShake ဘူးကို လှမ်းပေးလိုက်တယ်။

" ဘာဖြစ်လာတာလဲ Namtarn ?"

" Jay ကို ငါခုတွဲနေတာ နင်လို့ပြောခဲ့လိုက်တယ် "

" .. "

" ငါ့ကိုအထင်မလွဲနဲ့နော် Oon ... ငါ နင်ရှင်းပြတည်းက N'Kong နဲ့ နင်နဲ့ ဆက်ဆံရေးကို နားလည်ပါတယ်။ ဒါပေမယ့် နင် ငါ့ကို နောက်ဆုံးအနေနဲ့ ကူညီပေးပါ"

"နောက်ဆုံး ?"

သူ Namtarn ကို ခြံထဲမှာတည်းကသေချာရှင်းပြခဲ့တာ ။ ပထမ Namtarn က လုံးဝမယုံနိုင်ခဲ့ပေမယ့် ပြီးမှ Kong ကို သူ့လက်ထဲရောက်သွားတာ ကံမကောင်းလိုက်တာလို့တောင် စနေသေးတယ်။ ပြောရရင် သူ့သူငယ်ချင်းက အဲ့လောက် သဘောထားသေးသိမ်တဲ့အထဲမှာမပါဘူး ။

ငယ်ချစ်ဦးက သူ့ကိုကြိုက်နေခဲ့တယ်ဆိုတာ ခုမှသိလိုက်ရလည်း သူ့ဘေးမှာ Kong ရှိနေတဲ့အတွက် ပြည့်စုံနေပီမဟုတ်လား ?

" ငါ Tokyo သွားတော့မယ် Oon .. ဒါကို နင့်တယောက်တည်း ငါပြောပြတာ "

" ဘာလို့လဲ နင်ဒီမှာ အဆင်ပြေနေတာပဲမဟုတ်ဘူးလား ?"

" ငါ Jay ကိုကြောက်လာပြီ နင်သိလား ? ခုဆို အရင်က ငါ့ကိုမပေးနိုင်တဲ့အချိန်တွေ ဘယ်ရောက်ကုန်ပြီလဲမသိဘူး။ တချိန်လုံး နောက်ကလိုက်နေတယ် "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now