28 - Worry for Nothing

1K 66 1
                                    

" P' ဒီနေ့အတန်းက နေ့လည်ပိုင်းမှမလား ? "

P' က အိပ်ရာပေါ်မှာလဲှရင်း သူစားပွဲနဲ့ မနက်စာယူလာပေးတာမြင်တော့ ဖြည်းဖြည်းချင်း ထ,ထိုင်လာပြီး မျက်စောင်းလှမ်းထိုးတယ်။

" ဒီနေ့မသွားလို့ရလား P' ? ကျွန်တော် P' ဒီလိုပုံစံဖြစ်နေတော့ စိတ်မချဘူး "

" စိတ်မချရအောင် ငါက ဗိုက်ကြီးနေလို့လား ? "

" တခေါက်တည်းနဲ့ ဗိုက်မကြီးလောက်ပါဘူး P'ရဲ့ "

" သေလိုက် Kong !! "

သူ့စကားကြောင့် P' က ဇွန်းနဲ့ ခေါင်းကို လှမ်းခေါက်တယ် ။ မြန်မြန်လှမ်းရှောင်ရင်း သူ့အခန်းမှာထားထားတဲ့ P'ရဲ့ Uniform အင်္ကျီကို မီးပူတိုက်ဖို့ ထ,လာလိုက်တယ် ။ P' က လှမ်းကြည့်နေရင်း

" ကောင်းလိုက်တာ ဘာမှမဖြစ်တဲ့မင်းကျတော့ ကျောင်းမသွားရဘူး Assignment ပဲ လာထပ်ရမှာ... ငါ့မှာတော့ အတန်းနှစ်ချိန်တောင် တက်ရဦးမယ် "

" နားချင်လား P' ? ကျွန်တော် တကယ် စိတ်ပူလို့ "

" ငါ ယောကျ်ားပါ ! ငါ စိုးရိမ်တာက ဟိုကောင်တွေ ငါ့ပုံစံကို သတိထားမိမှာဆိုးတာ .. ခုထိ လမ်းလျှောက်ရ အဆင်မပြေဘူး "

" သိသွားလည်း ဘာဖြစ်လဲ P' ရယ် "

" မရပါဘူး !! "

မနက်စာစားနေတဲ့ P' နောက်မှာ ဝင်ထိုင်ရင်း P' ခါးကိုဖက်ထားတော့ P' က လက်တွေကိုဖယ်ချနေတယ် ။သူက တင်းနေအောင်ပြန်ဖက်ရင်း နောက်ကနေ P' ပုခုံးပေါ်မှာ မေးစေ့တင်ပြီး မှီနေလိုက်တယ် ။

" Oii .. ဖယ်ဦး ! နေရမကောင်းရတဲ့ကြားထဲ Kong !!! "

" ကျွန်တော့်ကို ဘယ်လောက်ထိချစ်လဲ P' ? "

" မနက်စောစောစီးစီး ဘာတွေလာမေးနေတာလဲ !?"

" ခုမမေးဘဲ ညကျမှမေးရမှာလား P'? "

" Kong.. မင်း Bright နဲ့ပေါင်းပြီးတည်းက ကောင်းတဲ့စကား ဘာတခုမှ မတက်လာတာကို သိလား ?"

Arthit အတွေးထဲမှာတော့ ဒီလိုမလိမ့်တပတ် လူလည်ကျတဲ့ ခပ်ညစ်ညစ်မေးခွန်းတွေရဲ့ဘုရင်က ဘယ်သူမှ မရှိ။ Khun Bright ဆီက တော်တော် ပညာတွေသင်ယူလာပုံရတယ်လို့တွေးနေတယ်။

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now