47 - They caught Chef Kongpop :)

921 57 3
                                    

P'Arthit က အိမ်လိုက်ခဲ့ဖို့ပြောထားလို့ သွားကြဖို့လည်းအစီအစဉ်ရှိပေမယ့် ဒီရက်ပိုင်း Hazing ကိစ္စတွေနဲ့ အလုပ်များနေတော့ P'Arthit အိမ်ကိုသွားဖို့အစီအစဉ်ကို ခဏရပ်ထားလိုက်ရတယ် ။

P'Arthit ရော သူရော အိမ်ပြန်ရင် ဘာဖြစ်လာမလဲဆိုတဲ့ကိစ္စကို အရမ်းတွေးမထားတော့ဘူး။

" သဘောမတူရင် အိမ်ပေါ်ကဆင်းလာဖို့စဉ်းစားထားပြီးသား .... Pa' နဲ့ Ma' ကလည်း တဦးတည်းသောသားဖြစ်တဲ့ ငါ့ကိုကြာကြာပစ်ထားနိုင်မှာမဟုတ်ဘူး။ ငါ့မိသားစုအကြောင်း ငါသိပြီးသား :) "

ရင်ဘတ်ကိုတဘုန်းဘုန်းပုတ်ရင်းပြောခဲ့တဲ့ P' ကတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ဆိုပြီး အပြင်ထွက်သွားလေရဲ့ ... ဒီတော့ အိမ်မှာကျန်ခဲ့တဲ့သူ့အတွက်က လုပ်စရာအလုပ်တခုရလာတယ် ။

ခွမ်း !

" ကျစ် .... "

ခုနကမှ ဖောက်ထည့်ထားတဲ့ကြက်ဥပန်းကန်က ကြမ်းပြင်ပေါ်မှာအစိတ်စိတ်အမွှာမွှာ :/  ဒါတောင် ဖောက်ထည့်တုန်းကဝင်သွားတဲ့ ကြက်ဥအခွံတွေကို သေချာဆယ်ထားပြီးမှကွဲရတယ်လို့။

" P' ပြန်လာရင်ဆူတော့မှာပဲ .. မလာခင်မြန်မြန်ပြီးချင်ပါတယ်ဆိုမှ "

ကြမ်းပြင်ပေါ်က ကွဲနေတဲ့ ကြက်ဥပန်းကန်ကို ကျော်ခွရင်း ရေခဲသေတ္တာထဲက ဝက်သားကို ထုတ်လာလိုက်တယ် ။

" ထုတ်ပြီးရင် အတုံးလေးတွေလှီး ... "

စားပွဲပေါ်တင်ထားတဲ့ Ipad ထဲက ဟင်းချက်နည်းလေးကို လက်နဲ့ရွှေ့လိုက်တယ်။ ဓားက ဘယ်ဓားကိုသုံးရမလဲ ?

" P' ဆို ထည့်ရမယ့် ဟင်းသီးဟင်းရွက်တွေ အရင်လှီးထားတာ "

အံဆွဲထဲက ဓားရွေးရင်းပြောနေတဲ့သူ့အသံကို နားထောင်နေမယ့်သူဘယ်သူမှမရှိ ... ချက်ကျွေးချင်လွန်းလို့သာလုပ်နေရတယ် ဘာဆိုဘာမှသိတာမဟုတ် :(

" အသားအရင်လှီးရင်အညှီနံ့စွဲသွားမယ်bဒါ့ကြောင့်အကုန်ပြင်ဆင်ပြီးမှချက်တာ..ချက်ရင်းနဲ့ပြင်ဆင်ရင် မပြီးမှာဆိုးတယ်"

အဲ့တုန်းက P'Arthit ဟင်းချက်နေတာကို စပ်စုဖို့သွားကြည့်ခဲ့ပေမယ့့်လည်း နောက်ဆုံးတော့ P' မျက်နှာလေးကိုပဲ ငေးကြည့်နေဖြစ်တာ :)

You are the Only One ( SOTUS Fanfiction ) - UnicodeTahanan ng mga kuwento. Tumuklas ngayon