40 - Late Night ( Kiss ? )

854 55 1
                                    

နေ့လည်ခင်းတည်းက ပျောက်သွားတဲ့ Kong ကို တအုပ်စုလုံး တောတိုးရှာပေမယ့်လည်း ပြန်ရှာမတွေ့လာခဲ့ဘူး ။မျက်စိပျက်မျက်နှာပျက်ပြီး ငိုတော့မယ့်ရုပ်ကို အတင်းဟန်လုပ်ကာ စိတ်မပူချင်ယောင်ဆောင်နေတဲ့ Arthit ကိုကြည့်ရင်း အကုန်လုံးက ဝိုင်းသနားနေကြတယ်။

ရွာလူကြီးတွေကအစ လိုက်ရှာပေမယ့် အရမ်းမှောင်လာတာကြောင့် နောက်နေ့မနက်မှ ဆက်ရှာဖို့ပြောလာတော့ Arthit က အရမ်းပင်ပန်းနေတဲ့တအုပ်လုံးကိုကြည့်ရင်း ခေါင်းညိတ်သဘောတူလိုက်တယ်။

တစ်တောလုံးနှံ့နေအောင် ရှာပေးထားရလို့ အကုန်လုံးပင်ပန်းပြီး အိပ်မောကျသွားတဲ့အချိန်ကျမှ ကျောင်းဝန်းကြီးထဲကနေ အရိပ်တခုက ထွက်လာတယ်။ ဓာတ်မီးတချောင်းနဲ့ တောအုပ်ထဲတိုးဝင်သွားတာကိုတော့ သူ ထွက်သွားပြီးကြာတဲ့အထိ ဘယ်သူမသိလိုက်ကြ။

" Shitttt ... ခြင်တွေကလည်း နာမည်အော်ခေါ်ဖို့ ပါးစပ်ဟ,လိုက်တာနဲ့ ပါးစပ်ထဲပြေးဝင်လာတယ် "

မျက်နှာရှေ့က တဝီဝီနဲ့ ခြင်အုပ်ကို လက်နဲ့ရမ်းရင်း ကျိမ်ဆဲနေမိလိုက်တယ်။ ညဘက်ကြီး တယောက်တည်း ဘယ်သူ့ကိုမှ ဒုက္ခထပ်မပေးချင်တော့လို့ ထွက်လာခဲ့မိတာ Kong ကိုမတွေ့ခင် သူများ အရင် ခြင်စာမိသွားမလားပဲ ။

" Kongpop !? "

" KONGPOP ? "

" KONG !! "

တောထဲကို သူဝင်လာတာကြာပြီ ... တော်တော်ကြာတဲ့ထိ အော်ခေါ်နေရလွန်းလို့လည်း အသံတောင်ဝင်နေပြီ ။ အရမ်းတိုးဝင်ရှာနေရလို့လည်းတကိုယ်လုံး အခြစ်ရာတွေနဲ့ ယားလာသလိုလို ။ ကိုယ်တွေတုန်းကလည်း ဒီလို Camping မျိုးထွက်ဖူးတာမို့ လမ်းမမှတ်မိတာတော့မရှိ။

" P' ... P'Arthit လား ? "

သစ်ရွက်တွေကိုနင်းလာတဲ့အသံနဲ့အတူ သူ့နောက်မှာ ထော့နဲ့ထောနဲ့ နဲ့ လာရပ်နေတဲ့ Kong က ပေသလူးလို့ ! လက်ထဲမှာလည်း သစ်ဥခြင်းကြီးဆွဲပြီး ပေါ်လာတယ်။

" ဘယ်လိုဖြစ်လို့ ဒီနေရာထိတောင် ရောက်နေတာလဲ !!! ?"

" Er ... လမ်းဆိုင်းဘုတ်ကပ်ရင်းနဲ့ ... ဒီဘက်ရောက်မှန်းမသိရောက်လာတာ ကျွန်တော့်ကို အကုန်လုံးလိုက်ရှာနေတာလား P'? "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now