12 - Use Your Hand P'

898 70 0
                                    

" Waddd ~ ဘာလို့ အိမ်ပြန်မှာလဲ ?"

Prem က အင်္ကျီတွေထည့်နေတဲ့ Wad ကို ကြည့်ရင်းမေးတော့ Wad က သူ့မျက်နှာပေါ်မှာ ဝဲကျလာတဲ့ ဆံပင်တွေကို ဟန်ပါပါနဲ့ ခါလိုက်ရင်း သက်ပြင်းချတယ်။

"P' .. ကျွန်တော့်အဖေက အိမ်မှာ တယောက်တည်းနေရတာ။ သူအခုနေမကောင်းတဲ့အချိန် ကျွန်တော်ပြန်မှဖြစ်မှာပေါ့ "

" ဒါဆို P' ရော လိုက်ခဲ့မလားလို့မေးသင့်တာမဟုတ်ဘူးလား ?"

" ကျွန်တော့်အိမ်ရောက်လို့ တယောက်တခန်းအိပ်မယ်ဆိုရင်တော့ လိုက်ခဲ့ပေါ့"

Prem က သူ့မျက်နှာကို မကြည့်ဘဲပြောနေတဲ့ Wad လက်တွေကို ဆွဲရင်း မျက်နှာငယ်နဲ့မေးတယ် ။

"P' တို့က ဘာလို့ခွဲအိပ်ရမှာလဲ ? နှစ်ဖက်အိမ်လည်း အသိပေးပီးသား ...မထူးဆန်းတဲ့ကိစ္စကို"

" အတူငြိမ်ငြိမ်အိပ်ရင်မထူးဆန်းပါဘူး။ အခုဟာက P'ကြောင့် နေမကောင်းတဲ့အဖေ့အိမ်မှာ ကျွန်တော်တို့ အသံတွေထွက်နေရင်မကောင်းလို့ "
( A/N : Wad လေးက Arthit လို မရှက်တတ်ဘဲ ဘွင်းဘွင်းပြောတတ်တဲ့အကျင့်ရှိတယ်နော် )

Prem က ကုတင်ပေါ်မှာထိုင်ရင်း ဘေးနားမှာရပ်နေတဲ့ Wad ကိုဖက်ပြီး Wad ဗိုက်နားမှာ မျက်နှာအပ်ကာ မလိုက်လိုက်ရအောင် ပူဆာနေတယ်။ Wad က သူ့အဖေအိမ်မှာ တပတ်တောင်ကြာမှာ သူဘယ်လိုလုပ်နေနိုင်မှာလဲ ?

"Waddddd Krap ~ P' လည်း လိုက်ချင်တယ်"

သူငယ်ချင်းတွေရှေ့မှာ Wad ကို စနောက်ဖို့ပဲသိတဲ့ Prem က အိမ်မှာကျရင် Wad ကို အပျောက်မခံဘဲ တွယ်ကပ်နေတတ်လွန်းလို့ Bright ဆိုသူ့ကို Vampire Prem လို့တောင်ခေါ်နေပြီ ။

" တစ်ပတ်အတွင်း တယောက်တခန်းအိပ်ပါမယ်လို့ကတိပေးရင် ခေါ်သွားမယ် "

"P' ဘာမှမလုပ်ဘူးလေကွာ။ တခန်းတည်းတော့ အိပ်ခွင့်ပေးနော် na ?"

Prem စကားကြောင့် စာအုပ်တွေစစ်နေတဲ့ Wad က Prem လက်တွေကိုဖယ်ချရင်း ဝေးဝေးရောက်အောင်တွန်းလိုက်တယ် ။

" ဟိုတခေါက် Pa' မွေးနေ့မှာသွားအိပ်တုန်းက ဘာမှမလုပ်ပါဘူးကတိပေးပြီး P' ကတိမတည်မှမတည်တာ။ အဲ့တုန်းက Pa' နဲ့တောင် မျက်နှာချင်းမဆိုင်ရဲလို့ မိုးမလင်းခင် အိမ်ပြန်လာကြရတာ မဟုတ်ဘူးလား ?"

" ..... Wad လည်း အဲ့နေ့က စိတ်ပါတာပဲဟာ။ P' တယောက်တည်း အဲ့နေ့ကဖြစ်တာလား ပြော ? "

" အဲ့ဒါကြောင့် တယောက်တခန်းအိပ်ဖို့ပြောနေတာမလား ? ပြီးတော့ မနက်ဖြန်ကျောင်းသွားဖို့လာလည်းမကြိုနဲ့ ကိုယ့်ဘာသာ လာမယ် "

" Oii !! P' လာကြိုဖို့လုပ်နေတာ Wad ဘယ်လိုလုပ်သိလဲ ?"

Prem က သူခိုးလူမိတဲ့ဒီဇိုင်းနဲ့ တအံ့တသြမေးနေတော့ Wad ကမျက်မှောင်ကျုံ့ပြီး စိုက်ကြည့်လိုက်တယ် ။ Prem က အပြစ်ကင်းတဲ့မျက်နှာနဲ့ Wad ပစ္စည်းတွေထည့်သမျှကို မသိမသာနဲ့ ပြန်ထုတ်နေတယ် ။

" လာကြိုရတာ နှစ်နာရီလောက်ကြာတယ်ဆိုပြီး မနက် ၃နာရီလောက်ရောက်ရောက်ချလာတာ ဘယ်သူလဲပြော ? P' ညဘက်ကြီးကားမောင်းတာ ကျွန်တော် မကြိုက်ဖူးလို့ မှာထားတယ်မလား "

ပစ္စည်းတွေပြန်ထုတ်နေတဲ့ Prem လက်ကို Wad က ရိုက်ရင်းပြောပြီး သော့အပိုတစ်တွဲကိုကောက်ယူလိုက်တယ်။ Prem မျက်နှာက Wad သွားခါနီးလေ မျက်နှာပျက်လေ ။ သူလိုက်သွားချင်ပေမယ့် ဒီတခေါက် Project က အသုံးမကျတဲ့ ဉာဏ်ရည်မမှီတဲ့ Bright နဲ့လုပ်ရမှာမို့ သူဒီမှာရှိနေမှဖြစ်မှာ ။

" အဲ့ဒါဆို ကျွန်တော် သွားပြီနော် P'Prem "

Wad က သူ့ခေါင်းကိုဆွဲလှည့်ရင်းနမ်းလာတော့ Wad လွယ်ထားတဲ့လွယ်အိတ်ကိုဆွဲပြီး Wad ကို သူ့ကိုယ်ပေါ်ဆွဲချလိုက်တယ်။ Wad ကလည်း ဆိုဖာပေါ်က သူ့ကိုယ်ပေါ်ကိုခွထိုင်ပြီး ဆံပင်တွေကိုသပ်ပေးလာရင်း ဆက်
နမ်းနေတယ် ။ Wad နှုတ်ခမ်းသားတွေက သူ့လျှာကို စုပ်ယူလာတဲ့အချိန်မှာ စိတ်ကပါအလိုလို ။ Wad ရဲ့ကြယ်သီးတွေကို ဖြုတ်ဖို့လုပ်တော့ Wad က သူ့လက်တွေကို ဖယ်ချတယ်။

" အခုလုပ်ရင် ကျွန်တော်ကားနောက်ကျလိမ့့်မယ်။ ဒီကားက နောက်ဆုံးကားနော်"

" လွတ်ပစေ ထားလိုက်ကွာ .. P' လိုက်ပို့မယ် "

" ၁၀နာရီရောက်မယ်လို့ Pa' ကိုပြောပီးသား စောင့်နေလိမ့်မယ် သူက "

"Wadd .... "

"လိမ္မာပါတယ် .. P'Prem မနက်ဖြန်ကျောင်းမှာတွေ့မယ် Goodnight  "

Wad က တံခါးပိတ်ပြီးပြေးဆင်းသွားတော့ သူ ဝရံတာက ထွက်ပြီးအော်လိုက်တယ်။

" Wadd ~ တပတ်လုံး Wad မရှိတော့ P' ဘယ်လိုလုပ်ရမှာလဲ ?"

Prem တယောက် အာပြဲနဲ့ထွက်အော်နေတော့ Wad က အောက်ကနေပြန်လှည့်ကြည့်ရင်း ဘေးဘီကိုဝေ့ကြည့်လိုက်တယ်။ ဘယ်သူမှမရှိဘူးဆိုမှ

" လက်ကိုသုံးလေ P' "

You are the Only One ( SOTUS Fanfiction ) - UnicodeOnde histórias criam vida. Descubra agora