35 - Love me love him

823 63 3
                                    

" Arthit တို့ အူလည်လည်ဖြစ်နေတာ ခုမှပဲမြင်ဖူးတော့တယ်ကွာ "

Bright က Prem ပုခုံးကိုပုတ်ရင်း သူ့ရဲ့ အူလာ်လည်ဖြစ်နေတဲ့မျက်နှာကို ပြနေလို့ လူကြီးတွေအရိပ်အကဲကြည့်ရင်း လက်ခလည်ပြန်ထောင်ပြလိုက်တယ် ။ ခုဟာက Nom ဆိုတဲ့ကောင်မလေးကပါ တဝမ်းကွဲအစ်မဖြစ်နေတာ သိရတော့ သူဖြင့် ဘယ်နေရာဝင်ပုန်းရမလဲ မသိတော့ ။

ဘေးနားမှာကပ်ထိုင်ရင်း တစိမ့့်စိမ့်ထိုင်ကြည့်နေပြန်တဲ့ အမောင် Kongpop ကိုလည်း နှင်လို့မရတာနဲ့တော့ ခက်နေပြီ။ Kong ကို သူပြန်ခိုးကြည့်မိရင်လည်း ရင်ကတဒုန်းဒုန်းနဲ့ခုန်လာပြန်သေး ။

" P'Arthit krap ? ကျွန်တော့်ကို စိတ်ဆိုးနေသေးလား ? "

တမိသားစုလုံးနဲ့အတူ တဖွဲ့လုံးနဲ့ပါပေါင်းကြံတဲ့ Kong ကို ခုနက စိတ်ဆိုးလို့ ခေါင်းခေါက်လိုက်ပြီးပြီ ။ စိတ်ဆိုးတဲ့အနေနဲ့ နေ့တဝက်လောက်စကား
မပြောဘဲ လူကြီးတွေနဲ့ပဲကပ်ထိုင်နေတာတောင် ဘေးနားလာကပ်ပြီး ချော့နေတာပဲ ကြည့် ။

မျက်စောင်းလှမ်းထိုးတော့ Kong က ဆိုဖာပေါ်တင်ထားတဲ့သူ့လက်ကို အပေါ်က အတင်းလိုက်အုပ်ပြီးကိုင်နေသေး။ အမြင်ကပ်ကပ်နဲ့ လက်ကိုဆောင့်ရုတ်ပြီး လူကြီးတွေဘက်လှည့်လိုက်တော့ Kong အမေက သဘောတကျနဲ့ ရယ်နေတယ် ။

" သား Arthit က Kong ကို ခုထိ စိတ်ဆိုးမပြေသေးဘူးကိုး ။ အမှန်တော့ Dee Dee က ဒီအကြံကို သားသူငယ်ချင်းတွေနဲ့ပေါင်းပြီးတိုင်ပင်တာ ။ သား Arthit က Mae တို့နဲ့မိတ်ဆက်ပေးချင်တာကို မလိုက်ဖူးဆိုတော့ "

" ဒါပေမယ့် သူတို့အကုန်ပေါင်းပြီးလုပ်တာတော့ များလွန်းတယ် ။ ကျွန်တော်က ဘာမှမသိဘဲ ကြားထဲက စိတ်ပင်ပန်းနေရတဲ့ဟာကို "

" ဟုတ်ပါတယ် ။ ဒါပေမယ့် Mae တို့ကပါ သဘောတူပြီး သရုပ်ဆောင်ကြမယ်ပြောလို့ ဒီကိစ္စဖြစ်လာတာဆိုတော့ သား Arthit က ခွင့်လွှတ်ပေးလိုက်ပါနော် အကုန်လုံးကို "

" P'Dee ... "

Kong အမေစကားကြောင့် သူခေါင်းညိတ်ပြုံးုပြလိုက်ပေမယ့် လိုက်ကာအကွယ်ကနေ မျက်နှာလှမ်းပြောင်ပြနေတဲ့ P'Dee ကို ကြည့်ရင်း အံကြိတ်ပီး ပြောမိလိုက်သေး ။

You are the Only One ( SOTUS Fanfiction ) - UnicodeWo Geschichten leben. Entdecke jetzt