21 - New Family

792 69 0
                                    

" ဒီမှာထိုင် "

စားပွဲတလုံးမှာထိုင်ရင်းပြောလိုက်တော့ Rome က အူလည်လည်နဲ့ဝင်ထိုင်တယ် ။ ကြည့်ရတဲ့ပုံကလည်း သူနဲ့လိုက်လာရတာကို မကျေနပ်တဲ့ရုပ်နဲ့ ။

" မင်း နာမည်က Rome ဟုတ်တယ်နော် "

သူ Rome ကို ဖုန်းနဲ့ဓာတ်ပုံလှမ်းရိုက်ရင်း ဖုန်းလှမ်းပေးတော့ Rome က ခေါင်းညိတ်ပြရင်းနဲ့

" ဓာတ်ပုံပြန်ရိုက်ပေးရမှာလား P'? "

" Oii မဟုတ်ပါဘူး ! မင်းဖုန်းနံပါတ်ကိုပေးခိုင်းနေတာ "

" ဘာလို့ပေးရမှာလဲ P'? "

ယူလာတဲ့ အအေးကပိုက်ကို စုပ်သောက်ရင်း Rome က ဖုန်းပြန်ပေးလာတော့ သူ အတင်းလက်ထဲပြန်ထည့်ပေးလိုက်တယ် ။

" Er... စီနီယာကတောင်းတာကို ငြင်းနေတာလား ? "

" ဒါဆို ကျွန်တော့်ဖုန်းနံပါတ် လိုချင်ရတဲ့အကြောင်းအရင်းကိုပြောပြ ဥပမာ ၁. ဒီအတိုင်းခင်ချင်လို့ ၂. Emma အကြောင်းသိချင်လို့ ၃. အနိုင်ကျင့်စရာလူမရှိလို့ ၄. ကျွန်တော့်ကိုကြိုက်လို့ "

" ငါက မင်းကို ကြိုက်လို့ ! ? "

Rome က လက်ချောင်းတွေထောင်ပြီး တတွတ်တွတ်ပြောနေတာကိုကြည့်ရင်း နောက်ဆုံးအချက်ကြောင့် သူအံ့အော်သွားလို့အကျယ်ကြီးအော်ပြောလိုက်တယ် ။ ဒီကောင်လေး ဘယ်လိုလုပ်သိတာလဲ ? Rome က သူဖြစ်နေတာကို တခစ်ခစ်ထ,ရယ်ရင်းနဲ့ လက်ကာပြီးရှင်းပြတယ်။

" အရင်က ကျွန်တော့်ကို ဖုန်းနံပါတ်လာတောင်းတဲ့ဘဲတွေက အပေါ်ဆုံးအချက်ကလွဲရင် ကျန်တဲ့အချက်တွေနဲ့ ပတ်သက်နေတဲ့သူကြီးပဲ "

"... "

"Oii .. P' ကျွန်တော်က စတာပါ ! P' က နောက်ဆုံးအချက်ကြောင့် လာတာမဟုတ်မှန်းသိပြီးသားပါ "

စားပွဲပေါ်မှာ ချထားတဲ့သူ့ဖုန်းကို ယူပြီး Rome က ဖုန်းနံပါတ်ထည့်ပေးနေတဲ့ဲ့အချိန် သူ တခုမေးကြည့်ဖို့ကြိုးစားလိုက်တယ် ။

" မင်းကို အနိုင်ကျင့်တဲ့သူရှိလို့လား ? "

" အရင်ကရှိတာမှအများကြီး.. ဒါပေမယ့် ခု Emma ကြောင့်မရှိတော့ဘူး "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now