18 - His Sisters ( 1 )

927 72 2
                                    

ကော်ဖီဆိုင်ထဲကို လှမ်းဝင်လိုက်တည်းက သူ့မျက်လုံးထဲကို ဝင်လာတာ Kong နဲ့ မိန်းမတယောက် ။ ခုံတခုမှာ နှစ်ယောက်ပူးကပ်ထိုင်ရင်း Kong က ကောင်မလေးကို မုန့်ခွံ့ကျွေးနေတော့ ကောင်မလေးက Kong လက်မောင်းကို တဖတ်ဖတ်ရိုက်ရင်း ရယ်နေတယ် ။

ဒီမြင်ကွင်းကြောင့် သူ့တကိုယ်လုံးပူထူသွားသလိုပဲ ။ ဒီနေ့မှ Bright က ကိတ်မုန့်စားချင်တယ်ဆိုလို့ သူ Bright နဲ့ ဒီဆိုင်ကိုလိုက်လာခဲ့တာ ဒီလို တန်းမိဖို့ ဖြစ်လာတယ်တဲ့လား ?

" Arthit စိတ်ထိန်းနော် !! ရုပ်ရှင်ထဲကလို မင်း အဲ့ကောင်မလေးကို ပါးသွားရိုက်လို့မရတာတော့ သိတယ်မလား ? "

Bright က သူ့ကို ခုံအကွယ်တခုမှာထိုင်ခိုင်းရင်း Kong တို့ဘက်ကို လှမ်းကြည့်ပီးပြောနေတော့ သူ Bright ရဲ့ခေါင်းကို စားပွဲပေါ်မှာတင်ထားတဲ့ Menu ပြားနဲ့ကောက်ရိုက်လိုက်တယ် ။

" Arthit ! "

" မင်းက အဓိပ္ပါယ်မရှိတာလာပြောနေတာကိုး ! ငါက ဘာလို့အဲ့လိုလုပ်ရမှာလဲ ?"

" မင်းပါးစပ်ကသာ အဲ့လိုပြောနေ ! ငါ မင်းမျက်လုံးထဲက မီးတွေပွင့်နေတာကို မြင်နေရလို့ပြောနေတာ "

" .... "

"မင်းသိလား ? N'Kong လိုရုပ်မျိုးက မိန်းကလေးတွေအကုန်မြင်တာနဲ့ကြွေတယ်ဆိုတာ "

" ... "

" သူ့ဘေးနားက စော်လေးကိုကြည့်ပါလား ? ဘယ်လောက်တောင်လှလဲ .. သူဖောက်ပြန်နေတာသေချာရင်တောင် ငါတော့ အားပေးတယ် "

လက်ထဲက Menu ပြားထပ်မြှောက်လာတာမြင်တာနဲ့ Bright က သူ့လက်ကိုအတင်းလှမ်းဆွဲထားတယ်။ Bright စကားတွေက သူ့ကို ပိုပြီး စိတ်တိုအောင်လုပ်နေသလိုပဲ ။

" အမှန်အတိုင်းပြောရရင် ငါ ခု Kong တို့ဝိုင်းကို ပေါ်တင်သွားမေးချင်တာ "

" Oii မင်းကို ပွဲကြမ်းလို့မရဘူးလို့ ငါပြောထားတယ်လေ ။ မင်းခုသူတို့ကို မိသွားလို့ N'Kong က အဲ့မှာ မင်းကိုလမ်းခွဲသွားရင် မင်းဘယ်လိုလုပ်မှာလဲ ?"

"ငါ ဂရုမစိုက်ဘူး Bright ! ငါ့မှာ မေးပိုင်ခွင့့်အပြည့်အဝရှိတယ် "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now