32 - Huh !?

787 63 0
                                    

Kong ပြောသလို Kong တို့အိမ်ဘက်ရှိရာအခြမ်းက လမ်းမကြီးကနေ ကွေ့ဝင်ရင်း ဆယ်အိမ်လောက်ကျော်လာတာနဲ့တင် လှိုင်းသံတွေ တဘုန်းဘုန်းကြားနေရတယ်။ လေထုလည်း အရမ်းကောင်းပြီး ပင်လယ်ဘက်နဲ့
မတူဘဲ ခြံဘက်ကွေ့လာတဲ့တလျှောက်က အပင်တွေပန်းတွေ ဝေဝေဆာနေတော့ တောင်တန်းရှည်ကို ဖြတ်လာရသလိုပဲ ။

ခြံဝမှာရှိတဲ့ သံတံခါးကြီးတွေကို ပုံဖော်ထားတာကိုကြည့်တာနဲ့တင် ဒီနေရာတဝိုက်မှာ Kong တို့မိသားစုရဲ့အရှိန်အဝါ ဘယ်လောက်ကြီးလဲ သိရတယ်။ ခြံကျယ်ချက်က ပန်းခြံနဲ့ ရေကူးကန်ရော စိုက်ခင်းတချို့ပါရှိနေတော့ ခြံတံခါးပေါက်ကနေ Kong တို့အိမ် (စံအိမ်လို့ပဲပြောရမလား) အဲ့ဟာကြီးကို မှုန်မှုန်လေးပဲမြင်ရတယ်။

" N'Kong မင်းတို့က မင်းမျိုးမင်းနွယ်တော့ မဟုတ်ဘူးမလား ? "

အကုန်လုံးသိချင်နေကြတဲ့ မေးခွန်းကို ကားနောက်ခုံက Bright က ကားမောင်းနေတဲ့ Kong ကို လှမ်းမေးတော့ Kong က ခေါင်းခါရင်းနဲ့

" မဟုတ်ပါဘူး P' .. ဒီနားတဝိုက်မှာတော့ အဖေက နည်းနည်း ဩဇာညောင်းတယ်ပြောရမလား ?  ဒီနားကလူတွေက ကျွန်တော့်အဖေကို အားကိုးကြတာများတော့ အဖေကလည်း ပြန်ကူညီပေးဖြစ်ရင်းနဲ့လေ "

" အဲ့ဒါမဟုတ်ဘူး ! မင်းတို့အိမ်က ေ..ာက်ရမ်းကိုချမ်းသာလွန်းလို့မေးနေတာ "

Bright ပြန်ဖြေရှင်းတဲ့စကားကြောင့် Kong ဆီက ရယ်သံသဲ့သဲ့ထွက်လာတော့ ဘေးကထိုင်နေတဲ့ သူပါ မနေနိုင်မထိုင်နိုင်ဝင်မေးမိတယ် ။

" Kong ? မင်းတို့စက်ရုံထောင်ထားတာ ဒီလောက်တောင်ချမ်းသာတာပဲလား ?"

" Umm... P' ကို တသက်လုံးတင်ကျွေးထားတဲ့အထိတော့ ရှိတာပေါ့ "

Kong က နောက်ပြီးပြန်ပြောပေမယ့့်လည်း နောက်ကမျောက်တွေက တယောက်တခွန်းအော်ဟစ်ပြီး မေးလာကြတယ် ။ အဲ့ဟာတွေနဲ့ ခရီးထွက်လာရရင် အမေးအမြန်းထူလို့နားတောင်အူတယ် ။

Kong ပုခုံးကိုလှမ်းရိုက်လိုက်တဲ့အချိန် Bright ဘေးနားမှာထိုင်ရင်း မုန့်စားနေတဲ့ Rome က

" P'Kong .. အကယ်၍ P'Arthit ကို တင်တောင်းရမယ်ဆိုရင် ဘယ်လောက်တင်နိုင်လဲ ? "

You are the Only One ( SOTUS Fanfiction ) - UnicodeDonde viven las historias. Descúbrelo ahora