36 - The Truth

856 69 3
                                    

" ဘာလုပ်နေတာလဲ P'Arthit ? "

"ခုပဲပြန်ရောက်တာ ရေချိုးမလို့ "

ခေါင်းတညိတ်ညိတ်နဲ့ Kong က သူဖွင့်ပေးတဲ့ တံခါးကနေဝင်လာရင်း စားပွဲပေါ်ကိုဝယ်လာတဲ့ မုန့်တွေ တင်လိုက်တယ် ။

" ဒီနေ့ intern သွားဆင်းနေရတော့ ပင်ပန်းပြီး အောက်ဆင်းမစားချင်မှာဆိုးလို့ ညစာ ဝယ်လာပေးခဲ့တယ် P' "

Kong က အမြဲတမ်းအလိုက်တသိနဲ့ လိုတာကို သူပြောစရာမလိုအောင်ဖြည့်ဆည်းပေးနေကြမို့ အရင်ကဆို အားနာနေမိသေးပေမယ့် ခုဆို အရာရာ Kong ကိုပဲအားကိုးချင်လာတယ် ။

ဒီနေ့ရုံးမှာ စကားတွေအရမ်းပြောလာလိုက်ရတာ အိမ်ပြန်ရောက်တော့ တခွန်းမှတောင် အသံမထွက်ချင်တာမို့ Kong ကို " အင်း " တလုံးပဲပြန်ပြောရင်း ပြုံးပြလိုက်တယ် ။ ပြုံးပြတဲ့လူက အသက်ထွက်ချင်နေတော့ ဒီအပြုံးကရော အရင်လို အသက်ပါရဲ့လားမသိ ..

" ဒီနေ့အလုပ်မှာ အဆင်ပြေရဲ့လား ? "

" Umm "

" မိတ်ဆွေအသစ်တွေရခဲ့မှာပေါ့ "

"umm "

" အလုပ်လုပ်ရတာ ပျော်ရဲ့လား ? "

"umm "

" ဘေးခုံမှာ မိန်းကလေးထိုင်လား ? ယောကျ်ားလေးထိုင်လား ? "

"umm "

" P' ! ကျနော်မေးတာမဖြေချင်ဘူးလား ?"

" Umm "

ပွနေကြအခန်းကို ပစ္စည်းတွေနေရာတကျပြန်ထားရင်း စီနေတဲ့ Kong က ကုတင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲရင်း တအွန်းအွန်းအော်နေတဲ့ သူ့ူ့အဖြေကြောင့် တိုးတိုးလေးရယ်နေတယ် ။

" ဒါဆို ကျွန်တော် မမေးတော့ဘူး .. P' ရေချိုးတော့လေ ။ ထမင်းစားပွဲပြင်ပေးထားမယ်"

"umm "

Kong ထမင်းစားပွဲပြင်ပီးတဲ့အထိကို သူကုတင်ပေါ်က မလှုပ်နိုင်သေး ။ဖြစ်နိုင်ရင် ထိုးအိပ်ပစ်လိုက်ချင်တာ ။ဒါပေမယ့် အရမ်းအသန့််ကြိုက်တဲ့ Kong က ဒီအတိုင်းပေးအိပ်မှာမဟုတ်ဘူး။

" P' ကျွန်တော် အင်္ကျီကူချွတ်ပေးရမလား ? "

အရင်ကလိုသာဆို သူလက်ညိုးတထိုးထိုးနဲ့ Kong ကို အော်မိမှာ .. ဒါပေမယ့် ဒီနေ့တော့ ကြယ်သီးဖြုတ်ဖို့အားတောင်မရှိတော့တာမို့ မျက်လုံးမှိတ်ထားရင်းခေါင်းညှိတ်ပြလိုက်တယ် ။

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now