30 - Big Secret

848 62 0
                                    

" Wad ? WAD ? WAD !? "

" ဘာလဲ P'Prem ? ကျွန်တော်က ဒီမှာ "

အိမ်ထဲဝင်လာတည်းက အသံပြဲနဲ့အော်ဟစ်ပြီး ဝင်လာတဲ့ P' ကို သူဝရံတာမှာ အဝတ်လှမ်းနေရာကနေ တံခါးပေါက်ကတဆင့် ခေါင်းပြူကြည့်ရင်း အော်ပြောလိုက်တယ် ။P'Prem က အခန်းထဲဝင်ရှာနေရင်းက အပြင်ခပ်သုတ်သုတ်ထွက်လပြီး အနားကို ချက်ချင်းရောက်ချလာကာ

" ဒီနေ့ သတင်းကောင်းပါလာတယ်။ နားထောင်ချင်လား ? "

" ဘာလဲ ပထမနှစ်တုန်းက ကျွန်တော့်ကို အနိုင်ကျင့်တဲ့ကောင်တွေ ဒီတခေါက် သူများကိုအနိုင်ကျင့်နေတာ မိလို့ ကျောင်းထွက်ရပြီတဲ့လား ? "

"Oii မဟုတ်ပါဘူး !! ဒီ New year party ကို ဘယ်မှာလုပ်ဖြစ်မယ်ထင်လဲ ?"

P'Prem က သူ့လက်ထဲက အင်္ကျီတွေကိုလှမ်းယူရင်း မျက်ခုံးနှစ်ဖက်ပင့်ပြီး ရုပ်ပြောင်ပြနေတော့ သူ ပြုံးလိုက်ရင်း လက်ထဲကအင်္ကျီချိတ်တွေကို လှမ်းပေးနေလိုက်တယ် ။

" ထုံးစံအတိုင်း ဒီကိုပဲလာကြမှာမဟုတ်ဘူးလား ? "

" NO!!!!! ဒီတခေါက် ကမ်းခြေမှာ ဟန်းနီးမွန်းထွက်ရတော့မှာကွ !!!HAHA "

ဒီတခေါက် New year ကို ကမ်းခြေသွားကြမှာတဲ့လား ? P'တို့လည်း နောက်ဆုံးနှစ်ရောက်နေတော့ ဒီ New year ကိုခရီးထွက်ကြတာ အကောင်းဆုံးပဲ .. Prem က Wad မရယ်,ရယ်အောင် အရှေ့ကနေ အင်္ကျီလှမ်းရင်း
ဖင်လှုပ်ပြီး ကပြနေတော့ Wad ခမျာ ခေါင်းရမ်းရင်း အိမ်ထဲဝင်လာလိုက်တယ်။

P'က သူနဲ့စတွေ့တုန်းက အရမ်းကြောက်ဖို့ကောင်းတဲ့စီနီယာဖြစ်ခဲ့တာ ။စီနီယာတွေကို လေးစားမှုမရှိလို့ဆိုပြီး မျက်စိဒေါက်ထောက်ကြည့် အပြစ်ပြောခဲ့တဲ့ P' က ခုပုံနဲ့များ တခြားစီ ။ အဲ့ချိန်တုန်းကအတိုင်းသာဆို သူ P' ကို ချစ်လာဖို့ဆိုတာ ဝေလာဝေးပဲ။

Basketball ပွဲမှာ မပါပါအောင် P'Prem ကပဲ သူ့စိတ်ကိုဆွပေးခဲ့တာ .. အဲ့တုန်းက စီနီယာတွေအပြောလွတ်ဖို့နဲ့ ပါးစပ်ပိတ်သွားဖို့အတွက် ကြိုးစားခဲ့တာဆိုပေမယ့် Kong တို့နဲ့ပိုနေနီးပြီး ရင်းနှီးလာခဲ့တာက ရလဒ်ကောင်း
ဖြစ်လာခဲ့တယ်။

သူများပေါ် အရမ်းဩဇာညောင်းချင်တယ်လို့ထင်ခဲ့တဲ့ P'Prem က သူ့ကို ရှုံးမဲ,မဲတဲ့အုပ်စုရဲ့လက်ထဲကနေ ကူညီခဲ့တည်းက သူနဲ့ P' ရဲ့ဆက်ဆံရေးက အဆင်ပြေလာခဲ့တာ ။ အဲ့နောက်ပိုင်းတည်းက အတန်းထဲကို ဆေးလာ
ပို့ပေးတဲ့အပြင် ကန်တင်းမှာထမင်းတူတူစားဖို့ခေါ်တဲ့အထိပါ ရင်းနှီးလာကြတာပဲ။

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now